"ဆူဟိုလေး အိုပါးကအမဲသားကင်လိုက်ကျွေးမယ်လေ ဆူဟိုလေး အိုပါးကရုပ်ရှင်လိုက်ပြမယ်လေ ဟာ လခွမ်းပဲ ချီးထုပ်ကောင်ဂျုံအင်"
"ဟား~~ဟား~~ဟား "
"ဒါဆို အကိုဆူဟိုကနေ့လယ်က သွားဒိတ်တာလား"
အိမ်ရှေ့ကွပ်ပျစ်မှာ ဝိုင်းထိုင်ကြရင်းအကိုဆူဟိုက မျက်နှာကိုရှုံ့ကာမဲ့ကာဖြင့် သူကြုံခဲ့တာကို ပြန်ပြောပြပြီးအနားကဘတ်ဟျွန်းတို့ ချုပ်ရိုးသီနေတဲ့အထည်တွေနဲ့ ကောက်ပေါက်နေတာမို့ မနည်းတားယူနေရသလို အားလုံးကလည်း အရယ်မပြတ်ကြ။
"အေးဆို ဒီကောင်လေ အစုတ်ပလုတ် ငါ့ကိုအသိ အလန်းလေးနဲ့မိတ်ဆက်ပေးမယ်ဆိုလို့ လိုက်သွားမိပါတယ် ဟိုကသွားတုတောင် ပြုတ်ပြုတ်ကျနေလို့ပြန်ကောက်တပ်နေရတဲ့ ဘ၀နဲ့ သူ့ကိုယ်သူ အိုပါးတဲ့ အော့"
"ဟားဟား~~~အကိုဆူဟိုပဲ အသက်ကြီးတဲ့ထဲကဆို"
"မင်းကွာ ၃၊၄နှစ်ကြီးတဲ့ မမအရွယ်ပြောတာပေါ့ကွ။ ခုဟာက ၃၀လောက်ပိုကြီးမဲ့ပုံနဲ့ အိုပါးက အိုပါးက လာလုပ်နေတာ အား~~~ကြက်သီးတွေခုထိထတုန်းပဲ"
အကိုဆူဟိုကပြောကာ တစ်ကိုယ်လုံးကိုကျုံ့လိုက်ပြီး ကြောက်ချမ်း ချမ်းသလို တုန်ပြလိုက်တော့ အားလုံးက၀က်ဝက်ကွဲရယ်ပွဲဆင်ကြတော့သည်။
"အကိုဆူဟိုက သွားယုံစားတာကို"
"ဟုတ်ပ ဆယ်ဟွန်းရယ်"
"ဟေး ဟေး~~ မင်းနဲ့ဆိုင်လို့လား"
ဆယ်ဟွန်းက ရုပ်တည်နဲ့ ချုပ်ရိုးသီနေရင်းဝင်ပြောတော့ ဂျုံအင်ကလက်သီးရွယ်ပြကာခြောက်နေသည်။
"ကဲပါ တော်ကြပါတော့ ငါ့မှာဒီနေ့တစ်နေကုန် စိတ်ကုန်သွားတာပဲ ဟင်း~~~ ငါးမွှေထိုးငဂျုံအင်ကြောင့် ဟွန့်"
"စိတ်မဆိုးပါနဲ့ အကိုဆူဟိုကလည်းကျွန်တော်က ချစ်လို့စတာပါဗျ ခိခ်"
"မင်း ချစ်တာကြီးကလည်းကွာ"
"ဟီး တကယ်တော့အကိုဆူဟိုနဲ့ မိတ်ဆက်ပေးတာကလေ ကျွန်တော့်ကောင်မလေးရဲ့ ဦးလေး။ သူ့ဦးလေးကနောက်ကနေ တကောက်ကောက်နဲ့ချိန်းတွေ့တိုင်း ဝင်ရှုပ်နေလို့ ဟီး~~အကိုဆူဟိုနဲ့ တွေ့ပေးလိုက်တာ ဘဲကြီးက အကြိုက်တွေ့ပုံပဲသွားကြီးကိုဖြီးလို့"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ