"အမေ! အဖေ! သားပြန်လာပြီ"
"ဟာ အရီးရေ၊ ဦးကြီး ချန်းလေးတို့ပြန်လာပြီ"မနက်အစောကြီး အကြုံလိုက်ခဲ့တဲ့ကားနဲ့လိုက်ခဲ့ရာ ချန်းတို့ရွာဆီမနက်၉နာရီကျော်လောက်ကျ ရောက်လေသည်။ အိမ်ထိပို့ခိုင်းဖို့ ကားပိုင်ရှင်ကို အားနာတာနဲ့ပဲ တစ်လမ်းကျော်က ချန်းတို့အိမ်ကိုလမ်းလျှောက်ပြီးသာ လာခဲ့ကြတော့သည်။
ချန်းတို့အိမ်က ဘယ်အိမ်မှန်းမသိသေးသော်လည်း ရှေ့ဆုံးက ချီတက်နေသောချန်းက နှစ်ထပ်ပျဉ်ထောင်အိမ်အနားအရောက် ခြံဝကနေ လှမ်းအော်လိုက်တော့ ခြံထဲကနေ ဖြူလုံးလုံးကောင်လေးတစ်ယောက်က ပြေးထွက်လာသည်။
"ချန်းလေး၊ ချန်းလေး ပြန်ရောက်ပြီအရီးရေ"
"ဟာ အကိုမင်ဆော့ အစောကြီး အိမ်ရောက်နေတာလား"
"မင်းလာမယ်ဆိုလို့ ငါအရီးကိုဟင်းစားလာချက်ကူတာ"
"ဒါက မင်ဆော့တဲ့လေ"
"တွေ့ရတာဝမ်းသာပါတယ် မင်ဆော့"
ချန်းကလှည့်ကာ မိတ်ဆက်ပေးနေတာမို့ အားလုံးကပြန်ပြီး ဖော်ဖော်ရွေရွေနှုတ်ဆက်လိုက်သည်။
ချန်းလက်ထဲက အထုပ်တချို့က်ို ကူဆွဲကာ ပြုံးပြုံးရွှင်ရွှင်ပြောနေသောကောင်လေးက ချန်းနဲ့တော့ ရိုးပုံမပေါ်။
"ဟယ် သားရယ် အိမ်ထဲခေါ်ခဲ့လေ သူငယ်ချင်းတွေကို"
"လာ လာ~~ သားတို့ အိမ်ထဲလာခဲ့၊ ခရီးပန်းခဲ့မှာကို"
အိမ်ရှေ့မှာ ထုတ်ထားသော တန်းလျားလေးနှင့် စားပွဲပေါ်ကိုအကြမ်းရည်အိုးနဲ့ ပန်းကန်တချို့တင်ကာ ချန်းရဲ့မိဘတွေက ပြောလာတော့
"ဟုတ်ကဲ့ပါအမေရ လာ~~ အကိုဆူဟိုတို့ လာထိုင်ကြ ဒါကျွန်တော်တို့အ်ိမ်"
ချန်းနောက်ကနေ လိုက်ဝင်ကာ ချန်းအမေတို့နား ဝိုင်းထိုင်လိုက်ကြသည်။
"လာ နားကြဦးသားတို့ ပင်ပန်းနေကြတော့မှာပဲ"
"မပင်ပန်းပါဘူး အရီးရဲ့"
"အမေ အဖေ ဒါက အကိုဆူဟိုတဲ့"
"ကျွန်တော်က ချန်းယောလ်ပါ"
YOU ARE READING
Fanfictionဗိုက်တလုံးနဲ့ကောင်လေးတယောက်ပတ်ချန်းတို့အိမ်ဆီရောက်လာသောအခါ