29 zaw
1.1K 124 16
တီးတောင်......တီးတောင်.....
အိမ်ရှေ့ လူခေါ်ဘဲလ်ကို တီးနေတာမို့ TVရှေ့မှာထိုင်နေရင်းကနေ တံခါးသွားဖွင့်လိုက်တော့
"ဒါက လီဂျွန်တို့ အိမ်လားမသိဘူး"
"ဟုတ်ပါတယ် ဘယ်သူလဲမသိ  ကျွန်မက လီဂျွန့်အမျိုးသမီးပါ"
"ကျွန်တော်က ရဲအရာရှိဂျန်ပါ Shin Groupရဲ့သမီးအမှုနဲ့ပတ်သက်ပြီ"
ဂျိန်းးးး
စကားပင် ဆုံးအောင် မပြောလိုက်ရဘဲ တံခါးကိုအမြန်ပိတ်သွားတဲ့ အိမ်ရှင်မိန်းမကြီးကြောင့်ရဲအရာရှိတွေလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
"တရားခံ ရှောင်ပြေးမလို လုပ်နေပါတယ် ဆရာ"
ဌာနက အကြီးအကဲကို သတင်းပို့လိုက်တော့ အိမ်ဖျက်ဝင်ခွင့် ကျလာတာမို့ တံခါးသော့ဖျက်ကျွမ်းကျင်သူတွေကိုခေါ်ကာ အိမ်ပတ်ပတ်လည်ကိုစောင့်ကြည့်နေကြရသည်။
"တံခါးပွင့်သွားပြီ အားလုံးသတိရှိကြပါ"
"ဟုတ်ကဲ့ပါ အရာရှိဂျန် "
"အားလုံး အိမ်ထဲဝင်မယ် ထိခိုက်မှုမရှိပါစေနဲ့ 1 2 3 "
တံခါးကို အမြန်ဖွင့်ကာ အိမ်ထဲဝင်လိုက်တော့ စောနက တံခါးလာဖွင့်တဲ့အမျိုးသမီးကြီးက Tvအကြည့်မပျက် မျက်ရည်ဆက်လက်နဲ့ တဝါးဝါးတဟားဟားနဲ့ ကြောက်စရာကောင်းလောက်စွာအော်ရယ်နေသည်။
"ဟားဟား လာဖမ်းတာလား ဟုတ်လား လာ လာဖမ်းကြ ဟားဟား ငါ့ယောက်ျားက သူ့အမကိုခေါ်ပြီးအားလုံးကိုသတ်လိမ့်မယ် ငါပြောလိုက်ပြီ ဟားဟားကောင်းတယ် ဒင်းတို့အလှည့်ပဲ ဟားဟား"
သိပ်စိတ်မမှန်သလိုဖြစ်နေတဲ့အမူအရာတွေကြောင့် လက်ထိပ်အရင်ခတ်လိုက်ကာ
"တရားခံရဲ့ဇနီး ပါဝင်ပတ်သက်သူကိုတော့ မိပါပြီ နည်းနည်းအခြေအနေမူမမှန်တာမို့ စိတ္တဇဆေးရုံနဲ့ပါချိတ်ဆက်ထားစေချင်ပါတယ် ဟုတ်ကဲ့ ကျွန်တော်အရာရှိဂျန်ပါ"
"ဟားဟား သောက်ရူးတွေ ငါတို့ပြန်လုပ်တော့ ဖမ်းမလို့လား ဟားဟား သမီးမကြောက်နဲ့နော် ဖေကြီးက ပြန်လုပ်ပေးမှာ သမီးအတွက်တရားအောင် ဟားဟား"