[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။

4.6K 727 13
                                    

အခန်း(၃၃) ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ*

သို့ပေမယ့် သူ၏နှုတ်ခမ်းဖျားမှ ထိုစကားလုံးများထွက်ကျလာသည်နှင့် သူ၏စကားကိုတောင် မကြားနိုင်တော့။-- မြောက်ဘက်ကနေ ဓားတစ်လက်၏လေချွန်သံစူးစူးရှရှက လေကို ထိုးဖောက်လာခဲ့သည်။ အပြာရောင်ဝတ်ရုံဖြင့်လူက သူ၏ဓားပေါ်တွင် ရပ်ကာ အလင်း၏အရှိန်ဖြင့် လာနေသည်။ လက်ရှိရှိနေသော မြူမည်းတွေတောင်မှ သူ၏အလျင်ကြောင့် ဘေးကိုဖယ်ရှားခြင်း ခံလိုက်ရပါ၏။

သူ၏အပြေးအလွှားထွက်လာသည့်ကိုယ်နေဟန်ထားက အရမ်းကိုမှယောကျ်ားဆန်ကာ မိမိုက်နေပါ၏။ သို့ပေမယ့် ရှုထောင့်ကတော့ လှည့်ကွက်များဖြင့်ပြည့်နေကာ သူလာသည့်အချိန်ကလည်း ကံမကောင်းလှပေ။ မြူမည်းများကြောင့် ယွင်ရှဲ့၏တိုက်ခိုက်မှုသည် အဲ့ဒီ့အသစ်ရောက်လာသူဆီကို တည့်တည့်မတ်မတ်ရည်ညွှန်းသလို ဖြစ်သွားရသည်။ ထိုပြဿနာကိုမြင်တော့ ကျန်းရွှင်းယီမှာ စဥ်းစားဖို့ အချိန်မရှိပေ။ - သူသည် အနီးအနားရှိ သစ်ပင်ကြီး၏အလျင်ကို ငှားကာ ၎င်းကိုကန်လိုက်ပြီးတော့ လေထဲကို ခုန်တက်လိုက်သည်။ ဝိညာဥ်စွမ်းအားအလင်းတန်းက သူ၏လက်ချောင်းများကနေ ထွက်သွားကာ ဓားပျံကို ရိုက်ခတ်လေတော့ ဓားပျံစီးသူက ကောင်းကင်ကနေ အောက်သို့ သက်ဆင်းလာရသည်။

ဝေရှုချီနှင့်နျဲ့ယန်က တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။
"ရှစ်စွင်း!"

ကျန်းမော့လုံက ပြိုင်ဘက်ကင်း ကိုယ်ခံပညာဆရာဖြစ်နေသည်ကို ကျေးဇူးတင်ရမည်။ -- မြူမည်းက သူ၏အမြင်ကို ပိတ်ဆို့နေခဲ့သော်လည်း သူ၏ကိုယ်ပိုင်ဓားအပေါ် ဒီတိုက်ခိုက်ချက်က သူ့အား အကာအကွယ်မဲ့သွားစေသည်။ သူသည် ဒီလိုဆင်းသက်လိုက်ရပေမယ်လို့ သူ၏ကိုယ်နေဟန်ထားကတော့ သန့်ရှင်းသပ်ရပ်နေပါ၏။ သူ၏ခြေဖဝါးက မြေပြင်ကို ထိလိုက်သည်နှင့် သူ၏ဓားကို ဓားအိမ်ကို မထည့်ရသေးတာကို အခွင့်ရေးယူလိုက်ကာ 'မီးနဂါးကျိန်စာ'တိုက်ကွက်ဖြင့် သူ့အား ခိုးကြောင်ခိုးဝှက် အလစ်တိုက်ခိုက်ခဲ့သူ ကျန်းရွှင်းယီအား ရွယ်လိုက်သည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now