!unicode!
အခန်း(၆၇) မင်းရူးနေတာလား။
.....
သူရှူထုတ်လိုက်သည့်ထွက်လေမှာ သူချောင်းဆိုးလိုက်သည့်အခါ သွေးအပြည့်ပင်။ ရွှမ်လီသည် ခန်းမထဲရှိအရှုပ်ထုပ်တွေကိုကြည့်ကာ ဒေါသထွက်ရသလို နောင်တလဲရမိသည်။ ကျန်းရွှင်းယီကိုအဝေးခေါ်သွားဖို့ရာ နည်းလမ်းမရှိတော့။ ရုတ်ခြည်းပင်၊ သူတစ်ပတ်လှည့်ကာ ဖုန်ချိုး၏မျက်နှာကိုခပ်ပြင်းပြင်းရိုက်ချပစ်လိုက်သည်။
"ဒီမိန်းမကတော့၊ အသက်ရှင်ရတာငြီးငွေ့နေပြီထင်တယ်။"ဖုန်ချိုးသည် မိစ္ဆာဘုရင်ရွှမ်လီ၏ရက်စက်ကြမ်းကြုတ်သောစရိုက်နှင့် အလွန်ရင်းနှီးပေသည်။ အခြေအနေမကောင်းမှန်းမြင်လိုက်ရတော့ သူမအလျင်အမြန်ငိုချင်းချလိုက်သည်။
"အရှင်! ကျွန်မရဲ့အရှင်! သူအရင်တိုက်ခိုက်တာပါ။ ကျွန်မက..ဒီကိုယ်လုပ်တော်က အရှင့်ကိုဂရုစိုက်တာမို့လို့ သဝန်တိုမိသွားရုံပါပဲ။ ကျေးဇူးပြုပြီး ကျွန်မဖခင်ရဲ့ဂုဏ်သတင်းကို ထောက်ထားဆင်ခြင်ပေးတော်မူပါ.."မိစ္ဆာဘုရင်ရွှမ်လီပြက်ရယ်ပြုလိုက်သည်။
"မင်းက ငါ့ကိုဂရုစိုက်တယ်ပေါ့လေ? ငါဘာမှမသိဘူးလို့ထင်မနေနဲ့။ မင်းကယွင်ရှဲ့ကိုပဲ အရေးစိုက်တာမဟုတ်ဘူးလား။ ဘာရယ်၊ မင်းအဖေနဲ့ပတ်သတ်ပြီး မင်းကဘာပြောချင်သေးလို့လဲ။ မင်းအဖေက ယွင်ရှဲ့သတ်တာခံလိုက်ရပြီပဲကို!"ကျန်းရွှင်းယီခေါင်းလှည့်ကြည့်မိတော့ ဖုန်ချိုးမျက်လုံးများရုတ်တရက်ပြူးကျယ်ကာ လှိုင်းခတ်နေသည့်အသံဖြင့် သူမပြောလာတော့သည်။
"မဖြစ်နိုင်ဘူး!"မိစ္ဆာဘုရင်ရွှမ်လီသရော်လိုက်ကာ သူမနှင့်အဓိပ္ပါယ်မရှိတာတွေပြောနေတာကို ရပ်တန့်လိုက်သည်။ သူလက်ဆန့်ကာ ဖုန်ချိုး၏လည်မျိုကို ဆုပ်ကိုင်လိုက်သည်။
"ဒါဆိုလဲ မင်းမြေအောက်ကမ္ဘာကိုသွားပြီး သူ့ကိုသွားမေးလိုက်တော့ပေါ့!"ကျန်းရွှင်းယီအသက်ရှူရအနည်းငယ်အဆင်ပြေလာကာ သူ့လက်ကိုသုံး၍ မတ်မတ်ရပ်နိုင်အောင်ဖြည်းဖြည်းချင်းကြိုးစားလိုက်သည်။ ချီရှစ်ကျိုတစ်ယောက်ဖုန်ချီကိုအနိုင်ယူကာ သူ့ဆီလာမလို့လုပ်နေတာကို သူမြင်လိုက်ရတာကြောင့် သူတည်ငြိမ်စွာအနောက်နည်းနည်းဆုတ်လိုက်ပြီး သူ့ကိုအသာကန်လိုက်တော့ ချီရှစ်ကျိုဟာ ခြေလှမ်းတွေကိုချက်ချင်းရပ်ပစ်လိုက်ချေသည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...