[၁၃] ယွဲ့လီမြို့တော်။

8.3K 1.1K 7
                                    

အခန်း(၁၃) ယွဲ့လီမြို့တော်

"ရှောင်ယွင်၊ မင်းရဲ့သုံးဖက်အမြင်ကိုကယ်တင်ဖို့လိုနေပြီ။"

ယန်ချီရှင်းကား ယွင်ရှဲ့၏တိုက်ရိုက်ရှစ်တိဖြစ်ကာ ယွင်ရှဲ့ပြီးလျှင် ယန်ရှန်းဂိုဏ်းကို အမိန့်ပေးပိုင်ခွင့်ရှိသည်။ ဤအချိန်တွင် သူဟာ ဟွမ်ရန်ပေးလိုက်သည့်မှတ်ချက်အတွက် သူ့ကိုစိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်ပြီး အကြီးအကဲကျင်းဟိုင်ထံ စကားပြောရန်လှည့်လိုက်သည်။
"ကျင်းဟိုင်တောက်ကျန့်၊ ကျွန်တော်တို့ရဲ့ဂိုဏ်းချုပ်က ကျန်းရွှင်းယီဆီမှာ ဓားစာခံအဖြစ် အဖမ်းခံထားရတယ်။ အဲ့ဒါကလဲ ခင်ဗျားကို ဂိုဏ်းချုပ်တံဆိပ်ပေးလိုက်တာကြောင့်ပဲ။ ခင်ဗျားဒီတိုင်းပြန်ထိုင်ပြီး သူအန္တရာယ်ထဲကျရောက်မှာကိုလျစ်လျူမရှူသင့်ဘူးမလား?"

ယွင်ရှဲ့၏သစ္စာခံမှုက အရမ်းကိုအပြောင်းအလဲမြန်လွန်းသည်။ ခုနကမတိုင်ခင်အထိ ယွင်ရှဲဲ့နှင့်ကျန်းရွှင်းယီသည် နက်ရှိုင်းသောသံယောဇဥ်များနှင့်ညီအစ်ကိုများဖြစ်နေဆဲဖြစ်ပြီး သူတို့၏သေခြင်းနဲ့ရှင်ခြင်းကိုလည်း အပြန်အလှန်ယုံကြည်အပ်နှင်းထားကြသည်။ ယခုတွင် သူတို့ကဓားဖြင့်အချင်းချင်းရွယ်ထားကြသည်။ လူတိုင်း၏မျက်စိအောက်၌ ယွင်ရှဲ့ကားကောင်းမွန်ကြီးမြတ်သောလုပ်ရပ်ကိုလုပ်ခဲ့ခြင်းပင်။ ယန်ရှန်းဂိုဏ်းကသူတို့ဘာသာသူတို့နီးကပ်စွာကာကွယ်ထားကြသဖြင့် ယွင်ရှဲ့သာတစ်ခုခုဖြစ်သွားခဲ့လျှင် သူတို့ကဤကိစ္စကိုဒီအတိုင်းလွှတ်ထားမည်မဟုတ်။

အကြီးအကဲကျင်းဟိုင်ကဂိုဏ်းချုပ်တံဆိပ်ကိုဆုပ်ကိုင်ထားရင်း ဤရွေးချယ်ရမယ့်ကိစ္စက သူ့ခေါင်းပေါ်တည့်တည့်ကျလာပေသည်။ အဆုံးတွင် ယန်ရှန်းဂိုဏ်းကို စိတ်မကျေမနပ်ဖြစ်အောင်လုပ်၍မရဟု သူခံစားမိသည်။ ထို့အပြင် ကျန်းရွှင်းယီကယခုတွင်တစ်ယောက်တည်းဖြစ်နေပြီး ခွန်အားလည်းမရှိတော့သဖြင့် အနာဂတ်တွင်သူ့ကိုဖယ်ရှားဖို့ကခက်ခဲလိမ့်မည်မဟုတ်။

ရင်ထဲတွင်ထိုအစီအစဥ်နှင့်အတူ ကျင်းဟိုင်ကရှင်းလင်းစွာဆိုသည်။
"ယွင်ဂိုဏ်းချုပ်က ကိုယ်ကျင့်တရားကောင်းပြီးတော့ တရားမျှတတယ်။ ဟုတ်တာပေါ့၊ ကျုပ်တို့တွေ သူ့ကိုဒုက္ခရောက်အောင်မလွှတ်ထားပါဘူး။ ကျန်းရွှင်းယီ၊ ယွင်ဂိုဏ်းချုပ်ကိုလွှတ်ပေးပြီး ဒီကနေထွက်သွားတော့!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Nơi câu chuyện tồn tại. Hãy khám phá bây giờ