အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)

4.2K 296 12
                                    

*ဒါကကျန်းရွှင်းယီကိုချစ်မိနေမှန်း ယွင်ရှဲ့သူ့ကိုယ်သူသိလိုက်ရတဲ့အချပ်ပိုလို့ပြောလို့ရပါတယ်။ အပေါ်ကခေါင်းစဥ်နဲ့အချပ်ပို၇ပိုင်းပါတယ်ရော်။

......

"ဒါကတော့ အလှလေးကိုကယ်တင်တဲ့သူရဲကောင်းတစ်ယောက်ရဲ့ ပထမဆုံးနှင့်အထင်ရှားအကျော်ကြားဆုံးပုံပြင်ဇာတ်လမ်းတစ်ပုဒ်ပါ။"

............................................................................

ကျန်းရွှင်းယီသူ့ရှေ့ရှိထမင်းပန်းကန်လုံးကိုကြည့်ကာ သက်ပြင်းချမိသည်။ သူသည်တူနှစ်ချောင်းကိုပန်းကန်လုံးဘေးတွင်အသာချပြီး အပြုအမူများမှာသာမန်ကာလျှံကာဖြင့် သူ့မျက်လုံးကိုစားပွဲထံလှိမ့်လိုက်သည်။

သူ့စိတ်ထဲတွင်တွေးမိသည်:
"ရှစ်စွင်းထွက်သွားတာနဲ့ အဘွားကြီးကတော့ထပ်ပြီးပြဿနာရှာပြန်ပြီ။ ဆိုက်ကိုပဲ။"

ဆောင်းဦးအလယ်ရာသီပွဲတော်ကား ဤနှစ်၏သြဂုတ်လ၁၅ရက်ရက်နေ့တွင်ဖြစ်သည်။ လွန်ခဲ့သော၁၆နှစ်ကဤရက်တွင်ဆရာသခင်တိမင်က သူ့ကိုတောင်ပေါ်ခေါ်လာခဲ့သဖြင့် ဒါကိုကျန်းရွှင်းယီ၏မွေးနေ့ဟုသတ်မှတ်၍ရသည်။ ထာဝရရှင်သန်သူဆရာတိမင်က တောင်အောက်ဆင်းသွားမည်ဟုသာပြောသွားပြီး သွားမည့်နေရာအတိအကျမပြောဘဲ အလျင်စလိုထွက်သွားခဲ့သည်။ ယခုအချိန်ထိပင်၊ သူပြန်မလာသေး။ ကျန်ရစ်ခဲ့သောအကြီးအကဲနှစ်ဦးမှာ လူမှုဆက်ဆံရေးနှင့်အလွန်ဝေးကွာလှပြီး လူငယ်မျိုးဆက်နှင့်ဘယ်သောအခါမှအဆက်အဆံမလုပ်။ ထို့ကြောင့် ပွဲတော်ကျင်းပဖို့တာဝန်ယူရမည့်တစ်ယောက်မှာ လေလွင့်ကျင့်ကြံသူဇီဟွေ့ဖြစ်လာသည်။

လေလွင့်ကျင့်ကြံသူဇီဟွေ့က ကျန်းရွှင်းယီကိုသဘောမကျမှန်း လူတိုင်းသိကြသည်။ သို့ပေမဲ့ ဘာကြောင့်မှန်းတော့မသိကြ။ ထာဝရရှင်သန်သူဆရာတိမင်မရှိသရွေ့ သူ၏ရှစ်ကု​မှာ "အမှားမရှိရင် အပြစ်ပေးလို့ရအောင်အမှားလုပ်ရမည်။"ဟုသောနိယာမကိုလက်ကိုင်စွဲထားသည်။ သူမသည်ကျန်းရွှင်းယီကိုသင်ခန်းစာပေးရန် အမြဲတစေအမှားရှာလေ့ရှိ၏။ မိုးကြိုးပင်လျှင်ဤစည်းမျဥ်းကိုမပြောင်းလဲနိုင်။ သို့သော် ကျန်းရွှင်းယီကားခေါင်းမာသည်။ အပြစ်ပေးခံရပြီးလျှင်ပင်၊ အမှားကိုဝန်မခံသကဲ့သို့ အထွန့်လဲမတက်ပေ။ ထို့အပြင် လေလွင့်ကျင့်ကြံသူဇီဟွေ့သည်အကြီးအကဲတစ်ယောက်ဖြစ်လေရာ သူအပြစ်ပေးခံရလျှင်ပင်၊  တခြားသူတွေက သူမ၏သြဇာအာဏာကို စိန်ခေါ်နိုင်စွမ်းမရှိ။ သူအရမ်းကံဆိုးလှသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now