[၂၇] သက်ရှည်ပင်လယ်လိပ်။

3.8K 726 15
                                    

အခန်း(၂၇) အသက်ရှည်ပင်လယ်လိပ်။

ထိုစကားလုံးများထွက်ကျလာသည့်အချိန်တွင် လူတိုင်းသည် ထိတ်လန့်သွားကြ၏။ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့တောင်မှ မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့ပါချေ။ အရမ်းကို သတ္တိရှိလှသော ရွာသားတစ်ချို့သည် အရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာကာ ဂရုတစိုက် ကြည့်နေကြပြီး တကယ်ကို အံ့သြမှုကြောင့် အော်ဟစ်ကြတော့သည်။
"ဒါကအမှန်ပဲ! ဒါက လွန်ခဲ့တဲ့နှစ်နှစ်က သေသွားတဲ့ ဟွမ်ရီမဟုတ်လား?"

ကျန်းရွှင်းယီ၏မျက်နှာပေါ်တွင်လည်း အံ့သြသည်ဟု ရေးပြထားသလိုပါပင်။ ပြီးတော့ သူသည် သတိမမူမိပါပဲ ယွင်ရှဲ့နှင့် အကြည့်ချင်းဆုံသွားရသည်။ ထိုမျက်နှာအမူအရာက သူမည်သူဖြစ်ကြောင်း ထုတ်ဖော်ပြသပြီးကတည်းက ပထမဆုံးအနေနှင့် သူ၏ရေခဲတမျှအေးစက်သည့်မျက်နှာကို အသက်ဝင်လာတာပင် ဖြစ်လေသည်။

ဤမြင်ကွင်းကြောင့် ယွင်ရှဲ့၏နှလုံးသားလေးထဲတွင် ပျော်ရွှင်မှုတစ်ချို့ဖြစ်ပေါ်လာသလို ခံစားရလေကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။ ထိုအချိန်အတောအတွင်းမှာပဲ ဝမ်ရှီသည် အရေးအကြီးဆုံးအပိုင်းကို ပြောပြပြီးဖြစ်လေသည်။ ဒါကြောင့် သူသည် သူတို့ သူ့ကိုဆက်လက်မေးမြန်းနေမည်ကို စောင့်မနေတော့ပါချေ။ သူ၏မျက်နှာကို သုတ်လိုက်ကာ အောက်မှာထိုင်ချပြီးတော့ သူ၏ပုံပြင်ကို စတင်ပြောပြပါ၏။

"ကျုပ်ငယ်ငယ်တုန်းက ကျုပ်ကစာဖတ်ရတာကြိုက်တယ်။ ဒါပေမယ့် ကျုပ်တို့ရွာက ဆင်းရဲတယ်လေ။ ကျုပ်အသက်လောက်ရှိတဲ့ ရွာထဲက ကလေးအများစုက သူတို့ရဲ့မိဘတွေ လယ်စိုက်တာကို ကူညီနေကြပြီ။ တော်တော်နည်းနည်းလောက်ပဲ ကိုယ်ပိုင်ကျောင်းကို သွားနိုင်ကြတယ်။ ကံကောင်းတာက ကျုပ်အဖေက ရှေးရိုးစွဲမရှိဘူးလို့ ပြောလို့ရတယ်။ သူပြောတာက ကျုပ်က ကိုယ့်ကျောင်းစရိတ်ကို ရှာနိုင်မယ်ဆိုရင် သူက နောက်တစ်မြို့ကို ပို့ပေးမယ်တဲ့။ ကျုပ်လဲ မိသားစုလယ်စိုက်တာကို မကူညီရတော့ဘူးပေါ့။ ဒါကိုကြားရပြီးနောက်ပိုင်းမှာ ပိုက်ဆံရဖို့ နည်းလမ်းတော်တော်များများကို ကျုပ်စဥ်းစားကြည့်ခဲ့တယ်: ဆေးဖက်ဝင်အပင်တွေတူးမယ်။ သစ်ခုတ်မယ်။ ငါးမျှားမယ်..ကျုပ်အကုန်လုံးကြိုးစားကြည့်ခဲ့တယ်"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now