[၇၀.၁] ဖြူသော

2.1K 459 24
                                    

!unicode!

အခန်း(၇၀) ဖြူသော - ၁

.......

အလှည့်အပြောင်းတွေပြီးသည့်နောက်၌၊ ရွှမ်လီ၏လက်အောက်ရှိ မကောင်းဆိုးဝါးမိစ္ဆာနှင့် တစ္ဆေအရှုပ်ထုပ်များအား ယွင်ရှဲ့နောက်ဆုံး၌ရှင်းပစ်လိုက်ပြီဖြစ်သည်။ ကျန်းရွှင်းယီအတွက် ကြောက်ရွံ့တုန်လှုပ်နေမိသဖြင့် သူ၏အသက်ထက်ဝက်ကုန်ဆုံးသွားခဲ့ပြီးဖြစ်၏။ ဤတစ်ကြိမ်တွင်တော့ နောက်ဆုံး၌မူ သူရှာဖွေနေသောပုဂ္ဂိုလ်အား ရှာတွေ့ပြီဖြစ်ရာ ထိုသူအား သူ၏လက်မောင်းတွေကြားထဲသို့ ဆွဲသွင်းလိုက်မိကာ သူ့နှလုံးသားတင်းကြပ်နေမှုကို ချက်ချင်းဖြေလျော့နေမိသည်။

ရွှမ်လီ၏ရိုက်ချက်ကား ပြင်းထန်ပေသည်၊ သူ၏အတွင်းအဂ်ါများတစ်ခဏမျှနေရာလွဲသွားသည်ကိုပင် ယွင်ရှဲ့ခံစားမိလိုက်ပေမဲ့ ကျန်းရွှင်းယီကိုလွှတ်ပေးဖို့ငြင်းဆန်နေမိဆဲဖြစ်ကာ သူ၏ရင်ခွင်ထဲ၌သူ့အားတင်းကြပ်စွာဖက်ထားမိသည်။ သူ့လက်မောင်းကြားထဲရှိလူသားဘာမှမဖြစ်ကြောင်း သူသိနေသရွေ့၊ သူ၏ပုခုံးနှင့်ကျောပြင်အရမ်းနာကျင်နေရင်တောင်မှ သူစိတ်သက်သာရရာရနေမိဆဲပင်။ ကျန်းရွှင်းယီ၏လည်တိုင်ဘေးတွင်သူ့ဦးခေါင်းမြှုပ်ထားရင်းဖြင့်် သူကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။

ကျန်းရွှင်းယီသူ့ကိုပထမဆုံး​မြင်လိုက်ရတုန်းက၊ သူအံ့အားသင့်သွားပေမဲ့ မိစ္ဆာဘုရင်ရွှမ်လီ၏စကားများကိုသတိရသွားကာ မဖော်ပြနိုင်စွာထူးဆန်းနေကြောင်းချက်ချင်းခံစားမိလိုက်တာကြောင့် သူ့ကိုတွန်းလိုက်မိသည်။

သူသည် တွန်းထုတ်ရာ၌ အားသိပ်မသုံးထားပေ၊ ထို့ကြောင့် ယွင်ရှဲ့ကမလွှတ်ပေးဘဲ သူ့အားလက်မောင်းကြားထဲ၌ထည့်ဖက်ထားရင်းဖြင့်် မလှုပ်မရှားနေနေလေသည်။ သူ့လည်ပင်းပေါ်၌ စိုစွတ်မှုအနည်းငယ်ကို ကျန်းရွှင်းယီခံစားမိလိုက်သည်။ သူလက်မြှောက်ကာ ခံစားကြည့်မိတော့ လက်ဝါးအပြည့်သွေးများဖြစ်နေလေသည်။ သူနောက်ဆုံးတော့တုံ့ပြန်လိုက်ပြီး ယွင်ရှဲ့၏လက်တွေကိုတွန်းဖွင့်ကာ သူ့လက်မောင်းနှင့်ကူတွဲပေးမိသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now