ဇာတ်သိမ်း[၈၉] အဆုံးသတ်။

6.8K 435 17
                                    

This part is only for Unicode!

အခန်း(၉၆) အဆုံးသတ်။

......

ကျန်းရွှင်းယီက ကျန်းယွီအန်းနှင့်စကားပြောနေစဥ်တွင်၊ ယွင်ရှဲ့မှာတော့အံ့သြထိတ်လန့်မှုအပြည့်နှင့် ဟောတိန်ထံမှအဖြစ်မှန်များကိုနားထောင်လို့ပြီးသွားပြီဖြစ်သည်။
"ခင်ဗျားဆိုလိုတာက 'ကောင်းကင်ယံထက်တိမ်လွှာများ'ထဲကအဓိကဇာတ်ဆောင်က ကျုပ်ဖြစ်ပြီးတော့ အားရွှင်းက...အားရွှင်းလုပ်ခဲ့သမျှအရာအားလုံးက...စနစ်ရဲ့တာဝန်ကိုဖြည့်ဆည်းပေးဖို့ပေါ့လေ?"

ယွင်ရှဲ့ကားအလွန်ဉာဏ်ထက်ကာ ဆရာတော်ဟောတိန်ကဉာဏ်ထိုင်းသောအသုံးအနှုန်းများစွာသုံးသွားခဲ့သော်လည်း ယေဘုယျဆိုလိုရင်းအား သူဆုပ်ကိုင်နိုင်ဆဲပင်။ ရုတ်တရက်ချင်းပင်၊ သူ၏အတိတ်မှအရာအားလုံးတွင် ကျိုးကြောင်းဆီလျော်သောအကြောင်းပြချက်ရှိကာ မရေတွက်နိုင်သောပုံရိပ်များက တစ်ခုနှင့်တစ်ခုချိတ်ဆက်သွားတော့သည်။ သူ့နှလုံးသားမှာ မမြင်နိုင်သောလက်တစ်ဖက်ကဆွဲညှစ်လိုက်သည့်နှယ် နာကျင်သွားရစဥ်တွင် သူသည် အရိုးထဲထိအေးစိမ့်မှုကိုခံစားနေရပေသည်။ မိန်းမောရင်းဖြင့် သူပြောလိုက်သည်။
"ဒီလိုဖြစ်နေခဲ့တာပဲ..."

သူကား အမြဲတစေမောက်မာနေခဲ့ပြီး သူသည်စာအုပ်ထဲမှစကားလုံးအနည်းငယ်သာဖြစ်ကြောင်း အချက်ပေါ်တွင် ဝမ်းအနည်းဆုံးဖြစ်သင့်ပေသည်။ သို့သော် ဤတဒဂ်တွင် ဒါကသူ့စိတ်ထဲတွင်ရှေ့ဆုံးမဟုတ်ဘဲ သူ့နှလုံးသားမှာ စိုးရိမ်သောကတို့၏လွှမ်းမိုးခြင်းခံနေရပေသည်ဓ
"အားရွှင်းက ငါ့ကိုမပြောဘဲ ကိစ္စတွေအများကြီးကိုသူ့ဘာသာသူလုပ်နေခဲ့တာ...သူအမြဲဒါကိုလုပ်နေခဲ့တယ်။ တကယ်လို့ ငါသာစောစောစီးစီးသိခဲ့ရင်...ငါသိခဲ့မယ်ဆိုရင်..."

ထိုအခါ သူက သူ့ချစ်သည်းညှာလေးကို ဘယ်လိုလုပ်ပြီးတစ်ယောက်တည်းခံစားစေခဲ့မည်နည်း။ သူ့ဝန်ထုပ်ဝန်ပိုးတွေအားလုံးကို တစ်ယောက်တည်းတိတ်တဆိတ်ခါးစည်းခံခိုင်းခဲ့မည်နည်း။ ဒါတွေကိုထုတ်မပြောခဲ့ပဲနဲ့လေ။

ယွင်ရှဲ့ရေရွတ်လိုက်သည်။
"အားရွှင်းသာ သူ့မိဘတွေကသူ့ကိုဒီကိုပို့လိုက်မှန်းသိသွားရင် သူဝမ်းနည်းနေလိမ့်မယ်...ငါသူ့ဆီသွားရမယ်။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now