[၄၉] အကြပ်ကိုင်ခံရခြင်း။

2.3K 472 15
                                    

အခန်း(၄၉) အကြပ်ကိုင်ခံရခြင်း

ဖုန်ချိုးစကားပြောလိုက်သည်နှင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ဖုန်ရွှယ်ခံစားလိုက်ရသည်။ သို့ပေမယ့် ဖုန်ချိုးကို သူဝင်နှောင့်ယှက်လိုက်ခြင်းဟာ ယွင်ရှဲ့၏သံသယတွေကိုကြီးထွားသွားစေမည်ကို သူစိုးရိမ်မိသည်။ တစ်ဖက်လူ၏မေးခွန်းကိုကြားလိုက်ရသည့်အခါ၊ သူ၏နှဖူးပြင်တစ်ခုလုံးချွေးတဒီးဒီးကျလာရသည်။ သူ၏အတွေးတွေကိုရပ်တန့်ကာ အလျင်စလိုကြားဖြတ်လိုက်သည်။
"ချိုးအာ၊ မင်းဘာအဓိပ္ပါယ်မရှိတာ​တွေကိုပြောနေတာလဲ။ မင်း ယွင်ရှဲ့ကိုအမြဲတမ်းသဘောကျနေတာကို ငါသိပါတယ်၊ ဒါပေမယ့် မင်းဘယ်နေရာကကြားလာမှန်းမသိတဲ့အမှိုက်လိုစကားတွေကို လက်လွတ်စပယ်ပြောမနေစမ်းနဲ့။ ဒီကိစ္စကဘာလဲ။"

ယွင်ရှဲ့က သူ့ကိုလက်ညှိုးထိုးလိုက်သည်။
"ခင်ဗျားပါးစပ်ပိတ်။" ထို့နောက် သူသည် ဖုန်ချိုးထံလှည့်ကာ ပြောပြန်သည်။
"ဒါဆိုလဲ ကျွန်တော် ခင်ဗျားကိုပြောပြမယ်။ အကယ်၍ ကျွန်တော်ကျော်ကြားချင်တယ်ဆိုရင်တောင်မှ၊ ဒီလိုဆိုးဝါးတဲ့လုပ်ရပ်တွေကို ကျွန်တော်ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ အဲ့ဒါထက်ပိုတာကဘာလဲဆိုရင် ဒီအတုအယောင်ခေါင်းစဥ်တွေက ကျွန်တော့်အတွက်တော့လုံးဝအဓိပ္ပါယ်မရှိဘူး။ အခုအချိန်မှာ ကျွန်တော့်ရဲ့ဆန္ဒက ကျန်းရွှင်းယီဘေးနားမှာဝန်းရံနေတဲ့ အနှောင့်အယှက်တွေကိုဖယ်ရှားရာမှာ ကူညီပေးဖို့ပဲ။"

ဤစကားတွေကို သူမကြားလိုက်သည့်အချိန်၌၊ အံ့သြခြင်းနှင့် ဝမ်းနည်းကြေကွဲမှုတို့ရောယှက်နေသော ရှုပ်ထွေးသည့်အမူအရာတစ်ချို့ဟာ ဖုန်ချိုး၏မျက်နှာထက်ဝယ်ပေါ်ပေါက်လာသည်။ သူမ၏နှုတ်ခမ်းတို့တုန်ယင်သွားကာ မည့်သည့်စကားမျှမပြောတော့ပါချေ။

တစ်ချိန်တည်းမှာပင်၊ ကျန်းရွှင်းယီ၏အသံမှာ ခြေလှမ်းအနည်းငယ်အကွာကနေ ပျံ့လွင့်လာ၏။
"ယွင်ရှဲ့၊ မင်းပြီးပြီလား။ ချိုးရှစ်ကျဲ အရှေ့နည်းနည်းတိုးလာနိုင်မလား။"

ယွင်ရှဲ့ဟာ ကျန်းရွှင်းယီ၏အသံကိုကြားလိုက်ရသည့်တစ်ခဏ၊ သူ၏မျက်နှာမှာနူးညံ့ပျော့ပြောင်းသွားရသည်။ သူဟာ အပြုံးတစ်ပွင့်ဖြင့် သူ့ဘက်လှည့်လိုက်သည်။ အသံကိုမြှင့်ကာ ပြောလိုက်သည်။
"ချိုးရှစ်ကျဲနဲ့ ဦးလေးချန်မှာ ဒီထက်ပိုပြီးပြောစရာမရှိတော့ပါဘူး။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျုပ်နားလည်သွားပါပြီ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now