[၂.၁] အရူးတုဟိန်။

24.9K 2.2K 10
                                    

အခန်း(၂) အရူး တုဟိန်(၁)

"လူတစ်ချို့ရှင်သန်နေတယ်၊ သူကတော့သေဆုံးသွားခဲ့ပြီ။ လူတချို့အသက်ရှင်နေပေမဲ့ သူကတော့သေသွားခဲ့သင့်သည်။"

................................................................

သေပြီးသွားသောသက်ရှိတချို့ရှိသည်။ သေသွားခဲ့သင့်တာကြာပြီဖြစ်သောသက်ရှိတချို့ရှိသည်။

ကျန်းရွှင်းယီသည် ပြီးပြည့်စုံသောအခိုက်အတန့်တွင် ဆိုးဝါးသောပြစ်မှုဖြင့်သေဆုံးသွားခဲ့ကတည်းက ဤစာသားဟာ သူကိုယ်တိုင်နှင့်လိုက်ဖက်သည်ဟုခံစားရသည်။ သူ့မျက်လုံးတွေကိုနောက်တစ်ကြိမ်ဖွင့်လိုက်သော် သူသေသွားခဲ့တာတစ်နာရီပင်မကြာသေးပေ။

ဒါက သေချာပေါက်ကို "အိမ်ပြန်ပို့ပေးမယ်"ဆိုတဲ့ကတိမဟုတ်ဘူးလေ!

သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ရာ သူ၏ပတ်ဝန်းကျင်တစ်ခုလုံးမှာ သူ့ရှေ့ရှိသူ့လက်တွေကိုပင်မမြင်ရသည်အထိ မှင်ရည်ပမာမည်းမှောင်လျက်ရှိသည်။ သူ့ဘေးမှပဲ့တင်သံထပ်လာသော ငိုကြွေးသံနှင့်နှာတရှုံ့ရှုံ့ဆူညံသံများကိုသာလျှင်
ငိုကြွေးသံတွေကိုသာ သူကြားနေရပြီး ၎င်းတို့မှာယောက်ျား၊ မိန်းမတို့ထံမှလာတာဖြစ်သည်။ ထို့အပြင် သူသည် အပြင်လောကနှင့်အဆက်အသွယ်ပြတ်နေသည့်နေရာကိုရောက်နေပုံပင််။

ကျန်းရွှင်းယီ၏နှုတ်ခမ်းများအနည်းငယ်လှုပ်ရှားသွားပြီး ဂါထာအနည်းငယ်ကို စိတ်ထဲမှရွတ်လိုက်သည်။ သူ့၏လက်ချောင်းလေးတွေနှင့် မျက်ရိုးကိုထိလိုက်တော့ သူ့၏ရှေ့ကမြင်ကွင်းများမှာ နောက်ဆုံးတွင်ကြည်လင်လာလေသည်။

ဒီတောင်တန်းလှိုဏ်ဂူကျဥ်းကျဥ်းလေးထဲတွင် တစ်ဒါဇင်လောက်ရှိသောလူငယ်နှင့် မိန်းကလေးများရှိနေကြပြီး တစ်ယောက်ချင်းစီမှာသူတို့၏မိခင်သေဆုံးသွားသည့်နှယ် ဝမ်းနည်းစွာငိုကြွေးမြည်တမ်းနေကြ၏။

ဂူပေါက်ဝတွင် မျက်နှာဖုံးတပ်ထားပြီး အနီရောင်ချည်ထိုးထားသော အမည်းရောင်ဝတ်ရုံနှင့်ယောက်ျားနှစ်ယောက်ကား လှံရှည်ကိုယ်စီကိုင်ထားကြပြီး ရပ်၍စောင့်ကြပ်နေကြသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now