[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။

1.9K 325 1
                                    

!zawgyi!

အခန်း(၉၂) စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။

......

စိတ်ဝိညာဥ်စင်မြင့်ကား နာမည်အတိုင်းပင် သဘာဝကျောက်တုံးစင်မြင့်ကြီးတစ်ခုဖြစ်၏။ ဤအချိန်၌၊ ထာဝရရှင်သန်သောကျင့်ကြံသူထောင်ပေါင်းများစွာကား စင်မြင့်တစ်ဝိုက်တွင်စုဝေးနေကြပြီး တက်ရောက်လာကြသောလူအများစုမှာ သဘာဝကျကျပင် အမျိုးမျိုးသေားဂိုဏ်းများမှ ထူးချွန်သောပုံရိပ်ရှိသောသူများနှင့် ကြယ်ပွင့်များဖြစ်ကြပေသည်။

ဂိုဏ်းများစွာ၏ဂိုဏ်းချုပ်များမှာတစ်ပြိုင်နက်တည်းရောက်လာကြ၏။ ထိုအနက်၊ ကျန်းရွှင်းယီကား နံပါတ်တစ်ရေပန်းအစားဆုံးခေါင်းစဥ်ဖြစ်ချေ၏။ မျက်လုံးပေါင်းများစွာက ချက်ချင်းကျရောက်လာခဲ့ပြီး ပထမဆုံးရောက်လာသောဂိုဏ်းချုပ်က သူ့အားချက်ချင်းပင်စိတ်အားထက်သန်စွာနှုတ်ဆက်လာခဲ့သည်။ ယွင်ရှဲ့၊ ကျန်းရွှင်းယီနှင့်ကျန်းမော့လုံတို့သည် ဘေးချင်းကပ်ရပ်နေကြ၏။ သူတို့ကား မျက်မှောက်ခေတ်ကာလ၏ထိပ်တန်းသခင်လေးငါးယောက်ထဲမှ သုံးယောက်ဖြစ်ကြပြီး သူတို့အားလုံးသည် အလွန်ကွဲပြားသောအကျင့်စရိုက်များနှင့် ထူးခြားသာလွန်သောရုပ်ရည်များရှိကြသည်။ သူတို့ဘေးရှိဂိုဏ်းသူများမှာ ဘေးတိုက်ကြည့်နေကြရင်း သူတို့ကြားတွင်လျို့ဝှက်စွာစကားပြောနေကြသည်။

ဟော့ခိုင်မှာ ထိုနေရာတွင် ခေတ္တမျှရပ်နေပြီး ဆက်လက်သည်းမခံနိုင်တော့ပေ။ သူရှေ့ထွက်ကာ ရေရွတ်လာခဲ့သည်။
"မင်းတို့နဲ့အတူရပ်နေရင်း ငါ့ကျောပြင်တစ်ခုလုံး လူအုပ်ကြီးရဲ့မျက်လုံးတွေကြောင့် ပူလောင်နေတာပဲကွာ။ ငါအေးတဲ့နေရာမှာပဲသွားနေချင်တော့တယ်။"

ကျန်းရွှင်းယီဟာလည်းပဲ စကားပြောသံများကြောင့် သူ့ဦးခေါင်းတစ်ခုလုံးလည်ပတ်နေသည်ဟု ခံစားမိချေသည်။ သို့ပေမဲ့ ကံကောင်းစွာဖြင့် ယွင်ရှဲ့ကဟိုဘက်၊ ဒီဘက်သွားပြီး သူ့အတွက် မေးခွန်းတော်တော်များများအားဖြေပေးနေလေရာ သူ၏တာဝန်များမှလွတ်မြောက်နိုင်တော့သည်။

စင်အနောက်ဖက်တွင် ကျော်ကြားသောဂုဏ်သတင်းရှိသောလူနည်းစုများအတွက် စီစဥ်ထားသော အထူးထိုင်ခုံများရှိ၏။ ကျန်းရွှင်းယီ၏တစ်ဖက်၌ ယွင်ရှဲ့ရှိကာ နောက်တစ်ဖက်၌မူ ကျန်းမိုလုံကထိုင်သည်။ ကျန်းမော့လုံ၏ဘေးတွင် ကျိုးကျန့်ဖန်က ခါးကိုင်းကာ သူ့အားပြုံးပြလာခဲ့သည်။
"ရွှင်းယီ၊ မင်းနဲ့ညီအစ်ကိုယွင်က မေပယ်လ်တောထဲကမိစ္ဆာမကောင်းဆိုးဝါးတွေအားလုံးကိုသုတ်သင်ဖို့ အမွှေးတိုင်တစ်ဝက်စာပဲအချိန်ယူခဲ့တာကို ငါမှတ်မိပါသေးတယ်။ အဲ့ဒီ့ကိစ္စလည်းပြီးကော၊ မင်းတို့ကို စိတ်ဝိညာဥ်စင်မြင့်ရဲ့ကျောက်စိမ်းညီနောင်ခေါင်းစဥ်ပေးအပ်ခဲ့တာပဲ။ အဲ့ဒီ့ကတည်းကဆိုရင် ဓားစမ်းသပ်ရေးညီလာခံငါးခုတောင်ဖြတ်သန်းလာခဲ့ပြီးပြီ၊ ဘယ်သူကမှမင်းတို့ကိုမမှီနိုင်ဘူးလေ။ ဒီတစ်ကြိမ်မှာတော့ ပါရမီရှင်တွေရှိမလားဆိုတာတော့ ငါလဲမသိဘူး။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now