အခန်း(၁၄) မျက်နှာဖြတ်ရိုက်ခြင်း။
ယွင်ရှဲ့၏စိတ်ဝင်စားမှုမြင့်တက်သွားရသည်။
"အိုး?"
စားပွဲထိုးကဆိုသည်။
"တောင်ဘက်လမ်းကြောင်းတည့်တည့်မှာ နေ့စဥ်နေတိုင်းတောက်ဓမ္မအကြောင်းဆွေးနွေးအကြံပြုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ကျင့်ကြံသူတစ်ယောက်ရှိတယ်! အဲ့ဒီ့မျိုးရိုးမြင့်မြတ်တဲ့လူရွယ်က ဓားမကိုင်နိုင်သလို သိုင်းပညာလည်းမတတ်ဘူးဗျ။ ဒါပေမယ့် သူကမိုးနဲ့လေကိုဆင့်ခေါ်နိုင်တယ်။ သူ့ရုပ်ရည်ကလည်းမယှဥ်နိုင်လောက်အောင် လှပ..."
သူသည် ယွင်ရှဲ့နှင့်ကျန်းရွှင်းယီ၏မျက်နှာကိုကြည့်ကာ စိတ်မလုံသကဲ့သို့ခံစားလိုက်ရသဖြင့် သူ့ဘာသာသူပြန်ပြင်ပြောလိုက်သည်။
"...သူ့ရုပ်ရည်ကဆိုးတော့မဆိုးပါဘူး..။ သူအခုဆိုရောက်နေလောက်ပြီ။ မင်းတို့နှစ်ယောက်မှာလုပ်စရာမရှိဘူးဆိုရင် သူ့ဆီသွားပြီး မျက်လုံးတွေကိုဖွင့်ကြည့်သင့်တယ်နော်။"
အဆုံးထိနားထောင်ပြီးသော် ယွင်ရှဲ့ကစိတ်ဝင်စားမှူပျောက်ဆုံးသွားပြီဖြစ်သည်။ သူကစားပွဲထိုးကိုထွက်သွားရန်လက်ပြလိုက်ပြီး ထို့နောက်အနောက်လှည့်ကာ ကျီစားလိုက်သည်။
"အားရွှင်း၊ ကိုကိုက မင်းရဲ့မျက်စိတွေကိုပွင့်အောင်လို့ အဲ့ဒီ့ကျင့်ကြံသူကိုတစ်ချက်သွားကြည့်ဖို့ မင်းကိုအဲ့ဒီ့နေရာခေါ်သွားရင်ရောဘယ်လိုလဲ။"
ကျန်းရွှင်းယီထိုင်ခုံကိုမှီ၍ ပျင်းရိစွာပြန်ပြောလိုက်သည်။
"ဒါကဘာမှမဟုတ်သလိုမျိုးမလုပ်စမ်းနဲ့။ အဲ့ဒီ့လူကဂိုဏ်းတစ်ဂိုဏ်းကဖြစ်နေပြီး တစ်ခုခုကိုသိသွားလို့ ဒီကိုလာစစ်ကြည့်တာဆိုရင်ရော? ငါတို့နဲ့သိနေတဲ့လူဖြစ်နေရင်တောင်မှ ငါတို့သွားကြည့်လိုက်တာပိုကောင်းမယ်။"
ယွင်ရှဲ့၏လက်ချောင်းများက ကျန်းရွှင်းယီ၏သွေးလွှတ်ကြောကိုထိလိုက်ပြီး သိုင်းပညာတားမြစ်ထားခြင်းကိုဖယ်ပေးလိုက်သည်။ သူပြုံးလိုက်သည်။
"မင်းပြောတဲ့အတိုင်းပါပဲ~"
နှစ်ဦးသားသည်ဆိုင်ထဲမှထွက်လာပြီး မကြာမီတွင်တောင်ဘက်လမ်းကြားကိုရောက်ရှိလာကြသည်။ သေချာတာပေါ့၊ ခန်းနားကြီးကျယ်ပြီး လက်ဖျားခါလောက်တဲ့လူအုပ်ကြီးကပုခုံးချင်းတိုက်ပြီး နေရာတစ်ခုကိုဝန်းရံထားကြသည်ကို သူတို့မြင်လိုက်ကြရသည်။ ကျန်းရွှင်းယီက ပုံမှန်အားဖြင့် ဤကဲ့သို့ဆူညံသောမြင်ကွင်းမျိုးကိုကြည့်ရခြင်းအား အရမ်းကိုမုန်းတီးသည်။ သို့ပေမဲ့ ဘာတွေဖြစ်နေသလဲဆိုသည့်အမှန်တရားကိုရှာဖွေရန်အလို့ငှာ သူ့မှာရွေးချယ်စရာမရှိဘဲ နှာခေါင်းကိုကိုင်၍ ဒါကိုသည်းခံလိုက်ရသည်။ သူသက်ပြင်းရှိုက်ကာ လူကြားထဲတိုးဝင်၍ အလယ်ကိုကပ်သွားလိုက်သည်။
အခြားတစ်ဖက်၌မူ၊ ယွင်ရှဲ့၏မျက်လုံးများမှာ လမ်းဘေးရှိအဆာပြေစားစရာမုန့်အရောင်းဆိုင်ကိုမြင်သည်နှင့် အရောင်လက်သွားသည်။ သူကကျန်းရွှင်းယီကိုတွန်းကာဆိုသည်။
![](https://img.wattpad.com/cover/239292421-288-k15818.jpg)
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...