[၇၅] တုမိသားစုခေါင်။

2.5K 404 3
                                    

!unicode!

အခန်း(၇၅) တုမိသားစုခေါင်။

........

အသံကား လျို့ဝှက်နည်းဖြင့်ဆက်သွယ်လာသည်ဖြစ်ရာ လူသုံးဦး၏နားထဲတွင်ရှင်းလင်းပီသစွာကြားလိုက်ရပေမဲ့ အသံပိုင်ရှင်၏ရာထူးကို ခွဲခြားဖို့ရန်ခဲယဥ်းလှပေ၏။ ကျန်းရွှင်းယီသည် သူ့လက်ဝါးဖြင့် လေကိုထိုးနှက်ပြီး ခြံဝန်းတံခါးကိုအားနှင့်ပွင့်သွားစေကာ ကျယ်ကျယ်ပြောလိုက်သည်။
"ဝင်လာခဲ့ပါ။"

သူပြောပြီးနောက်တွင်၊ အပြာရောင်ဝတ်ရုံနှင့်သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ဟာ တံခါးရှေ့၌ပေါ်လာပြီးသားဖြစ်သည်။ ဤယောက်ျားကား အရုပ်ဆိုးကာ သူ၏အသားအရောင်မှာလည်း အပြာနှင့်အဝါတို့ဖြင့်ရောယှက်ဖျော့တော့ပေမဲ့ သူဟာ အရပ်ရှည်ပေ၏။ ကျန်းရွှင်းယီစိုက်ကြည့်ကာ လက်နှစ်ဖက်စုပြီးဂါရဝပြုလိုက်သည်။
"တုမိသားစုခေါင်ရဲ့ရုပ်ဖျက်တဲ့နည်းလမ်းက လင်းစီလုပ်ပေးတာပဲဖြစ်ရမယ်။ တကယ့်ကိုပါးနပ်လှပါပေတယ်။"

တုလီကရှေ့တိုးလာခဲ့ပြီး သူ၏မျက်လုံးများမှာ သူ၏မျက်နှာပေါ်တိတ်တဆိတ်ဝေ့ဝဲသွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင်မည်သည့်အမူအရာမျှမရှိပေမဲ့လို့ သူ၏မျက်လုံးထဲတွင်တော့ ပျော့ပြောင်းသောစိတ်ခံစားချက်များဖော်ပြနေကာ ဖြေးညှင်းစွာပြောလာသည်။
"ဒုတိယညီလေး"

ကျန်းရွှင်းယီ၏လှောင်ပြောင်ထေ့ငေါ့သောအပြုံးအေးခဲသွားရကာ သူ၏နှလုံးသားတုန်ရီလာခဲ့ပြီး ထူးခြားဆန်းကြယ်သောခံစားချက်တစ်ခုပေါ်ပေါက်လာခဲ့သည်။ သူ၏နှုတ်ခမ်းအနည်းငယ်လှုပ်ရှားသွားပေမဲ့ သူဘာမှမဆိုမိပေ။ ယွင်ရှဲ့ကပြုံးသည်။
"ကျွန်တော်ကြားမိတာကတော့ တုမိသားစုခေါင်နေမကောင်းဖြစ်နေတယ်ဆိုပဲ။ ရုပ်ပိုင်းဆိုင်ရာနေမကောင်းဖြစ်တာလို့ ကျွန်တော်ထင်ခဲ့မိတာ။ ဒါပေမဲ့ကြည့်ရတာတော့ စိတ်ဝေဒနာများလားလို့။ သူက တုဟိန်မဟုတ်ဘူး၊ ကျန်းရွှင်းယီပါလို့ ခင်ဗျားကိုကျွန်တော်နောက်ဆုံးအကြိမ်တုန််းကပြောခဲ့တယ်လေ။ ခင်ဗျားရဲ့မှတ်ဉာဏ်ကအတော်ဆိုးဝါးတာပဲ၊ လူကြီးမင်းခင်ဗျ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now