[၇၀.၂] ဖြူသော။

2.3K 453 15
                                    

!unicode!

အခန်း(၇၀) ဖြူသော -၂

.......

ဤကမ္ဘာပေါ်၌၊ အခြားသူများကို အရူးလုပ်ဖို့ရန် အပေါ်ယံမျက်နှာကိုတပ်ဆင်ထားခြင်းဟာ အဆင်ပြေပါ၏၊ မည်သို့ပင်ဖြစ်စေကာမူ၊ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့ကား တစ်ယောက်နှင့်တစ်ယောက် နှစ်တွေအကြာကြီးသိကျွမ်းလာခဲ့ကြသည်ဖြစ်ရာ အကြည့်တစ်ချက်တည်းဖြင့် ကျန်းရွှင်းယီသည် တစ်ဖက်လူ၏ခွေးမျက်နှာ*မှာ သူတောင့်ခံနိုင်စွမ်းမရှိသည့် သနားစဖွယ်မျက်နှာထားကိုဆင်မြန်းထားသည်ကို မြင်နိုင်လေ၏။ သူရုတ်တရက်ဟွန့်ခနဲနှာမှုတ်လိုက်ကာ အနည်းငယ်ဇဝေဇဝါဖြစ်မိပြီး အကြောင်းပြချက်မရှိပါဘဲနှင့် အရာအားလုံးဘယ်လိုတွေဖြစ်ပျက်သွားခဲ့မှန်း သူအနည်းငယ်မရေမရာဖြစ်မိရုံသာ။ သူ၏အသက်လေးကိုပြန်ရလာခဲ့ကတည်းက ၊ ဤကမ္ဘာပေါ်၌အရာရာတိုင်းဟာပျော်ရွှင်စရာကောင်းလိမ့်မည်ဟု သူခံစားမိရုံသာဖြစ်ပြီး သိပ်များများစားစားမတွေးမိခဲ့ပေ။

သူလက်ဆန့်ကာ ယွင်ရှဲ့၏မေးစေ့ကိုကိုင်လိုက်သည်။
"မင်းဘာလို့မျက်နှာတည်ကြီးနဲ့ပြောနေတာလဲ။ မင်းငါနဲ့ရန်ဖြစ်ချင်နေတာလား။ မင်းက ဒီအရှင်သခင်ကို မပြုံးပြသေးဘူးပေါ့လေ။"

ယွင်ရှဲ့ကား ကျန်းရွှင်းယီ၏အကျင့်စရိုက်သန်မာကြောင်း အမြဲသိနေခဲ့သည်၊ အူခွေသဖွယ်နူးညံ့ပျော့ပြောင်းလှသော သူကြိတ်ချစ်နေရသူနှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ၊ ကျန်းရွှင်းယီကချည်နှောင်ထားသည့်ကြိုးများကို ဖြတ်ပစ်ချင်နေမည်ကို သူစိုးရိမ်မိလေသည်။ သူအခုလေးတင်ပြောလိုက်သည့်ရူးနှမ်းသောအရာများကို ဖာထေးဖို့ရာ တစ်ခုခုပြောလိုက်ချင်ပေမဲ့ ဤအချိန်၌မူ သူအရမ်းကြောက်ရွံ့နေမိသဖြင့် ဘာမဆိုထပ်ပြောဖို့ရန်ရုတ်တရက်မေ့သွားရသည်။

ကျန်းရွှင်းယီ၏လက်ချောင်းများမှာ သူ၏မေးစေ့ပေါ်၌ရှိနေဆဲဖြစ်ပြီး ဤအေးစက်ကာ ကျောက်စိမ်းသဖွယ်လက်ချောင်းထိပ်များမှ နွေးထွေးမှုကိုတောင် သူခံစားမိပေသည်။

သူသည် မယုံကြည်နိုင်မှုများဖြင့် ကျန်းရွှင်းယီ၏မျက်လုံးများနှင့်ဆုံသွားလေရာ တစ်ဖက်လူကအနည်းငယ်ပြုံးနေသည်ကို သူမြင်လိုက်ရ၏။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now