#Unicode
အခန်း(၂၅) မြစ်ရေထဲက ထူးဆန်းသည့်အရာများ
ယွင်ရှဲ့က ဘေးဘီဝဲယာကိုလိုက်ကြည့်လိုက်တော့ သူမှတစ်ပါး တစ်ခြားသူတွေဆီမှာ ထိုခံစားချက်ရှိကြပုံမပေါ်ပေ။ ကျန်းရွှင်းယီက ပြုံးတောင်ပြုံးလိုက်ကာ ကလေးမလေး၏ပါးကို အသာလေးဆွဲလိုက်လေသည်။
"ဒီမှာကောင်းကောင်းနေခဲ့။ မင်းကစားဖို့အတွက် ကိုကိုက မကောင်းဆိုးရွားသွားဖမ်းပေးမယ်။ ဟုတ်ပြီလား"ထိုကလေးငယ်တွေ၏ကမ္ဘာကြီးအပေါ်အမြင်တွေကို အဆိပ်သင့်စေတာကို ရှောင်ရှားလိုသည့်အလား မီးခိုးရောင်ဆံပင်ရှိသောအဖိုးအိုက ထူးထူးဆန်းဆန်းချောင်းဆိုးလိုက်ကာ ကြားဖြတ်ပြောလာပါ၏။
"တကယ်တော့ မြစ်ထဲမှာ ဘာမကောင်းဆိုးရွားမိစ္ဆာမှ မရှိပါဘူး။ ရွာထဲက ဘယ်သူကမှ ဘာမှမမြင်ဖူးဘူးလေ။ ရေထဲမှာသေဆုံးသွားတဲ့လူတွေကလွဲရင်ပေါ့...မနက်ခင်းစောစောစီးစီးမှာလည်း ဘာမှမဖြစ်ပဲနဲ့ ရေထဲမှာ ပေါ်လာတဲ့ ရေဝဲအကြီးစားကို ကျုပ်မကြာမကြာတွေ့နေရတယ်။ အရမ်းကြောက်စရာကောင်းတာပဲ"ယွင်ရှဲ့က သတိပြန်ကပ်လိုက်သည်။
"အဖိုးပြောချင်တာက ဒီနေ့အချိန်ဟုတ်တယ်မလား"အဖိုးအိုက ကောင်းကင်ကိုမော့ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလာပါ၏။
"အခုအချိန်လောက်ပေါ့"ကျန်းရွှင်းယီက သူ့မှတ်ဉာဏ်သူသုံးပြီး အဲ့ဒီ့အရာက ဘာဖြစ်လောက်မလဲဆိုတာ စဥ်းစားမရပါချေ။ သူက ယွင်ရှဲ့ကို စိုက်ကြည့်လိုက်ပါ၏။
"သွားကြည့်ကြမလား?"သူ့စကားလုံးများသည် လိုရှင်းတိုရှင်းဖြစ်ကာ တိကျပြတ်သားပြီး အေးစက်စက်နှင့် သာမန်မျှသာဖြစ်ပါ၏။ သို့ပေမယ့် ဒါက ကျန်းရွှင်းယီက ယွင်ရှဲ့ကို အရင်ဆုံးဦးဆောင်ပြောလာတာဖြစ်လေသည်--
ဒီစာသားနှင့်တင် ယွင်ရှဲ့၏နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ဖောက်နေဖို့ရာ လုံလောက်နေလေပြီ။ သူကလက်မခံလိုက်ခင်မှာ စဥ်းတောင်မစဥ်းစားတော့ပါချေ။ကျန်းရွှင်းယီသည် သူ့ကိုမှီနေသော ကလေးမလေးအား ပြုံးပြလိုက်ပါ၏။ သူမကို အသာအယာခွာချလိုက်ကာ မြစ်ဆီကိုထွက်လာပါတော့သည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...