"ငါ့ဇနီးလေးကိုလမ်းပေါ်ခေါ်သွားခဲ့တယ်"
.............................................................................
ယွင်ရှဲ့သည်ကျန်းရွှင်းယီစားသောက်နေသည်ကိုတစ်အောင့်မျှကြည့်နေပြီးနောက် ချင်းကွမ်အိတ်ထဲမှသေရည်ဝိုင်တစ်ခရားကိုရုတ်တရက်ထုတ်လိုက်၏။ သူကယင်းကိုစားပွဲပေါ်တွင်အပြုံးတစ်ပွင့်ဖြင့်တင်လိုက်သည်။
"ဒါကိုလာကြည့်ကြည့်။"သေရည်အပိတ်ကိုဖွင့်လိုက်သည်နှင့် ကျန်းရွှင်းယီ၏လှုပ်ရှားမှုများတန့်သွားကာ လှည့်ကြည့်လာသည်။ သူရနံ့ကိုခွဲခြားရန်တဒဂ်မျှအချိန်ယူလိုက်ပြီး နောက်တော့ပြောမိသည်။
"စုန့်လောင်သေရည်?"ယွင်ရှဲ့ရယ်လိုက်သည်။
"မင်းကငါ့ကိုတော်တော်ကြီးသိတာပဲ။ သေရည်ကောင်းဆိုတာက လူမှန်သူမှန်နဲ့အတူသောက်ဖို့လိုတယ်။ တူတူသောက်ကြရအောင်။ ဒီမှာ လာပြီးအရသာခံကြည့်ချေ။"ကျန်းရွှင်းယီတစ်ယောက်ဗိုက်ထဲမှာအစာမရှိဘဲ သေရည်တွေအများကြီးသောက်မိပြီး တစ်ခုခုဖြစ်လိမ့်မည်ကို သူစိုးရိမ်မိသဖြင့် ကျန်းရွှင်းယီကိုစုန့်လောင်သေရည်သောက်စေချင်သော အချိန်အတော်ကြာစိတ်အားထက်သန်နေခြင်းမှ သူ့ကိုယ်သူတန့်လိုက်သည်။ ယခုတွင် သူသည်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တစ်ခွက်ထည့်ပေးကာ ကျန်းရွှင်းယီဆီတွန်းပို့လိုက်၏။
စုန့်လောင်သေရည်ကား ငြိမ်သက်လျက်ရှိကာ သောက်သောသူအားခေတ္တမျှရီဝေဝေဖြစ်သွားစေသည်။ ၎င်းမှာ နှင်းများဖြင့်အမှတ်အသားပေးထားသော ဆောင်းရာသီနေ့ရက်များအတွက် ပြုလုပ်ထားသောရွှေရည်နှယ်။* ဒါကတကယ့်ကိုကျော်ကြားသောသေရည်ပါတကား။ ကျောက်စိမ်းခွက်ထဲတွင်လောင်းထည့်ထားသောသေရည်မှာ ရွှေရောင်ဖြင့်ပျစ်ပျစ်လေးဖြစ်နေကာ မွှေးပျံ့၍ ချိုမြိန်ယစ်မူးစေပေသည်။
ကျန်းရွှင်းယီခွက်ကိုခါလိုက်သည်။
"ဒီလိုသေရည်မျိုးပျောက်သွားတာကြာပြီလို့ငါထင်တယ်။ ဒီသေရည်အစစ်ကိုရှာဖို့်မင်းအတွက်တော်တော်ခက်ခဲခဲ့မှာပဲ။""မင်းရဲ့မွေးနေ့အတွက် ငါကကောင်းတာတစ်ခုခုကိုရှာပေးရမှာပေါ့ကွာ။"
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...