[၆] ယှဥ်ပြိုင်ခြင်း။

11.3K 1.3K 33
                                    

အခန်း(၆) ယှဥ်ပြိုင်ခြင်း။

"နောက်ဆုံးတော့သူ့မျက်နှာအစစ်ကိုမြင်လိုက်ရရင်း သူအနည်းငယ်ခေါင်းမာသည်ဟုသူပြောခဲ့ဖူးသည်။"

သူ့လက်ချောင်းတွေနှင့် ကျန်းမော့လုံ၏ဓားကိုအသာဖယ်ပစ်လိုက်ရင်း ကျန်းရွှင်းယီ၏လက်မောင်းတစ်ဖက်ကထုံကျဥ်စပြုလာသည်။  ကျန်းမော့လုံ၏စွမ်းရည်ကသူ့ထက်နောက်ကောက်မကျပေ။ အကယ်၍ ကျန်းမော့လုံသာအရင်ကဒဏ်ရာမရခဲ့ဘူးဆိုရင်၊ ကျန်းရွှင်းယီသာ တခြားသူတွေ၏လှုပ်ရှားမှုတွေကို နားလည်နိုင်သည့်စွမ်းရည်အပေါ်တွင် မှီခိုအားမထားခဲ့လို့ရှိရင် ၊ သူဟာလွယ်ကူသည့်ပြိုင်ဖက်တစ်ယောက်မဟုတ်။ သနားညှာတာမှုမရှိသည့်ရွှမ်လီရှိနေသေးတာကို ပြောမနေနှင့်တော့။ ရွှမ်လီကား အမည််မသိရန်စလှုံ့ဆော်မှုတို့ရခဲ့သည့်နှယ် ယခုတွင်ခွေးရူးတစ်ကောင်ပမာ သူ့ကိုမရပ်မနားလိုက်ကိုက်နေပေသည်။ ကျန်းရွှင်းယီသည် အစတုန်းက သူ့တာဝန်တွေပြီးမြောက်သွားသော် သူ့ခွန်အားနှင့်သူမည်သူမည်ဝါဖြစ်ကြောင်းကိုဖုံးကွယ်၍ ဝတ်ရုံကိုဆန့်ကာထွက်သွားချင်ခဲ့တာဖြစ်သည်။ ဤနှစ်ယောက်ပူးပေါင်းကာ သူ့ကိုဆန့်ကျင်လာလိမ့်မည်ဟု သူမမျှော်လင့်ထားမိပေ။ ကြည့်ရတာ'ဒီလောကကြီးမှာ စွမ်းဆောင်နိုင်သောသူရဲကောင်းတွေမရှိတော့ဘူး'ဟူသည့် သူ၏ကြီးကျယ်သောစကားတစ်ခွန်းက သူ့ကိုယ်သူဒီအန္တရာယ်ထဲတွန်းပို့လိုက်ပုံရသည်။

ကျန်းရွှင်းယီ၏စိတ်ထဲတွင်အတွေးပေါင်းများစွာဖြတ်ပြေးသွားသည်။ ရွှမ်လီ၏လက်ဝါးတစ်ဖန်ထပ်လာနေသည်ကိုသူမြင်လိုက်ရရင်း  စိတ်ထဲမှဆဲရေးလိုက်မိသည်။ သူ့ဒေါသတို့အရှိန်မြှင့်လာကာ ရွှမ်လီ၏လက်ဝါးနှင့်ရင်ဆိုင်ရန် သူ့ညာလက်သီးကိုထုတ်သုံးလိုက်သည်။ သူ့လက်သီး၏ခွန်အားကား ခက်ထန်သောလေပြင်းကိုထုတ်လွှတ်လိုက်သည့်တိုင် လေဟာနယ်ကိုသာရိုက်ခတ်မိသွားသည်။

ကျန်းရွှင်းယီချက်ချင်းနောက်လှည့်ကြည့်လိုက်သော် ရွှမ်လီ၏လက်ဝါးကတကယ်တမ်းတော့ မြေပြင်ပေါ်တွင်ထိုင်၍အသက်ရှုနှုန်းထိန်းချုပ်နေဆဲဖြစ်သည့် ယွင်ရှဲ့ထံဦးတည်နေကြောင်းမြင်လိုက်ရသည်။

ကြည့်ရသည်မှာ ရွှမ်လီကား အပြင်ဘက်တွင် ကျန်းရွှင်းယီနှင့်တိုက်ခိုက်နေတယ်ဆိုပေမယ့်လည်း စိတ်ထဲတွင်တော့ မကြာသေးခင်ကဖြစ်ပျက်ခဲ့တာတွေကိုသူကြားကတည်းက ရွှမ်လီ၏ယွင်ရှဲ့အပေါ်ထားသည့်အမုန်းတရားများက ပို၍တိုးပွားလာနေတာဖြစ်သည်။ ဒီလိုမျိုးယွင်ရှဲ့ကိုဖယ်ရှားလို့ရမယ့်အခွင့်အရေးကို ရွှမ်လီဘယ်လိုလုပ်လက်လွှတ်နိုင်မှာလဲ။

ယွင်ရှဲ့ဘယ်လိုဒဏ်ရာရခဲ့ကြောင်းနှင့် သူယခုဘာကျင့်စဥ်ကျင့်နေလဲဆိုတာကို ကျန်းရွှင်းယီအတိအကျမသိပေ။ သူမြင်တာကတော့ ဒီကောင်လေးက အသက်မရှင်ချင်တော့သည့်အလား ဒီအတိုင်းထိုင်မြဲထိုင်နေတာကိုပင်။ ကျန်းရွှင်းယီချက်ချင်းထိတ်လန့်သွားရသည်။ ဒီလိုမျိုးအထိတ်အလန့်ဖြစ်ရတာက အခြေအနေအရဖြစ်လာသည့်နှစ်တွေအကြာကြီး အဓိကဇာတ်ဆောင်ကို ကူညီပေးရမဲ့ဇာတ်ကြောင်းကိုလိုက်ခဲ့တာကြောင့်လားဆိုတာကိုတော့ သူမသိ။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကတွေးလိုက်သော် သူ့ခန္တာကိုယ်က အလျင်အမြန်ရောက်သွားပြီးဖြစ်ကာ ယွင်ရှဲ့ကိုလှမ်းဆွဲ၍ လိမ့်ချလိုက်ကာ ရွှမ်လီ၏တောင်ကိုနှစ်ခြမ်းကွဲစေပြီး ကျောက်တုံးတွေကိုအစိတ်စိတ်အမွှာမွှာဖြစ်စေသည့်လက်ဝါးကို ရှောင်တိမ်းလိုက်သည်။ သို့သော် ရွှမ်လီ၏လက်ဝါးမှထွက်လာသည့်စွမ်းအားအရှိန်ကြောင့် နှစ်ယောက်လုံးလွင့်ထွက်သွားကာ ကျန်းရွှင်းယီကလှိမ့်နေတဲ့အရှိန်ကို မထိန်းနိုင်ဖြစ်သွားရသည်။ -- နှစ်ယောက်စလုံးချောက်ကမ်းပါးမှလိမ့်ကျသွားသည်။

သို့သော် ချောက်ကမ်းပါးမှရိုးရိုးလိမ့်ကျရုံလောက်နှင့် ကိုယ်ခံပညာကျွမ်းကျင်သည့်ပညာရှင်နှစ်ယောက်ကမသေနိုင်ဘူးဆိုတာကို လူတိုင်းသိကြသည်။ ရွှမ်လီကနောက်ထပ်လက်ဝါးဖြင့်တိုက်ခိုက်ရန် အရှေ့ကိုအညှာအတာမဲ့စွာပျံသန်းလာသည်။ ကျန်းရွှင်းယီတွင်'Fuck'လို့ ပြောဖို့ရန်အချိန်တောင်မရှိလိုက်။ သူကသူ့စွမ်းအားတွေကိုခါးသက်စွာသိုလှောင်၍ ရွှမ်လီနှင့်ရင်ဆိုင်ရန်ကြိုးစားလိုက်သည်။ မမျှော်လင့်ထားစွာဖြင့် သူသယ်လာသည့်ယွင်ရှဲ့ကား သေချင်ယောင်ဆောင်နေသည်ကို ရုတ်တရက်ရပ်လိုက်ပြီး အနောက်လှည့်လာကာ ကျန်းရွှင်းယီကိုသူ့ကျောပြင်နှင့်ကာကွယ်ပေးလာခဲ့သည်။ ဤမျှပြင်းထန်သောအား၏အရှိန်ဖြင့် လူနှစ်ယောက်စလုံးဟာ ချောက်ကမ်းပါးအောက်ရှိတိမ်ထူထဲကိုကျသွားတော့သည်။

ချောက်ကမ်းပါးပေါ်ကအံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လှောင်ပြောင်ခြင်း၊ ရယ်သံအစရှိသည့် အသံများမှာအလုံးစုံရောထွေးကုန်ကြသည်။ သူ့ရှေ့ရှိ မိစ္ဆာတွေကိုဖမ်းချုပ်ထားသည့်ချိုင့်ဝှမ်းနှင့်နီးကပ်လာတာကို မြင်လိုက်ရရင်း ကျန်းရွှင်းယီမှာ အခြေအနေအရ ယွင်ရှဲ့ခါးမှသူ၏ကိုယ်ပိုင်ဓား'မဲ့ဟွား'ကိုလှမ်းယူလိုက်ရသည်။ သူ့စိတ်ထဲတွင်အကြံဉာဏ်အသစ်ပေါ်ပေါက်လာသော် သူဓားပျံစီးချင်ရုံသာဖြစ်သည်။ ထိုအစား သူဓားအိမ်ထဲကဓားကိုဆွဲထုတ်လိုက်ရာ တောက်ပသောခရမ်းရောင်အလင်းတန်းကချိုင့်ဝှမ်းကိုတောက်ပသွားစေသည်။ စိတိဝိညာဥ်စွမ်းအင်လှိုင်းများလှည့်ပတ်လာပြီး မြန်ဆန်၊ ပြင်းထန်သောဓားအရှိန်အဝါက မိစ္ဆာတွေကိုဖမ်းချုပ်ထားသည့်ချိုင့်ဝှမ်းပေါ်ရှိချိပ်စည်းတွင် သေးငယ်သောအက်ကွဲကြောင်းတစ်ခုကိုဖွင့်ပစ်လိုက်သည်။ ကျန်းရွှင်းယီသည် ယခုလက်ရှိတွင်မေ့မြောနေသော ယွင်ရှဲ့၏ဒဏ်ရာရထားသည့်ခန္တာကိုယ်ကို တင်းကျပ်စွာဆုပ်ကိုင်၍ နေရာအဟလေးထဲသို့တဟုန်ထိုးပြေးဝင်လိုက်တော့သည်။

ဝင်ပေါက်လေးမှာ မျက်စိတစ်မှိတ်အတွင်းတွင် အလိုအလျောက်ပြန်ပိတ်သွားတော့သည်။

မိစ္ဆာတွေကိုဖမ်းချုပ်ထားသည့်ချိုင့်ဝှမ်းကား ချိုင့်ဝှမ်းထဲတွင်မရေတွက်နိုင်သည့်မိစ္ဆာနှင့် အန္တရာယ်တွေရှိနေသည့်နေရာဟု လူတွေကပြောကြသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်းတွင် မည်သူကမျှဤနေရာမှပြန်ထွက်လာနိုင်ခြင်းမရှိခဲ့။ သို့သော် ကျန်းရွှင်းယီ၏အမြင်မှ နေရောင်အောက်တွင်မည်သည့်နေရာကမျှ သူ့ကိုထောင်ချောက်မဆင်နိုင်ပေ။ ထိုအစား ဒီချောက်ကမ်းပါးက သူယာယီရှောင်ချင်သည့်ရန်သူ၊ သူငယ်ချင်းများနှင့် စိတ်ရှုပ်ဖွယ်ကောင်းသည့်ရှုပ်ထွေးသောအခြေအနေများမှ  ခဏလောက်ရှောင်နေနိုင်သည့်နေရာပင်ဖြစ်၏။

ယွင်ရှဲ့ကတော့ သူအိမ်ပြန်ရဖို့အတွက် အဓိကပန်းတိုင်ထဲတွင်ပါဝင်သော အဓိကဇာတ်ဆောင်ဖြစ်သည်။ သူ'အဆင်ပြေသည့်အချိန်'အထိ ယွင်ရှဲ့ကိုသူနှင့်အတူခေါ်ထားရလိမ့်မည်။

ယွင်ရှဲ့၏မျက်လုံးများမှာတင်းကြပ်စွာပိတ်ထားလျက်ရှိသည်။ ကျန်းရွှင်းယီ သူ့လက်ကောက်ဝတ်ကသွေးခုန်နှုန်းကို သာမန်ကာလျှံကာစမ်းသပ်ကြည့်လိုက်ရာ ယွင်ရှဲ့၏ဒဏ်ရာကမနည်းပေမယ့်လည်း သူကသေနိုင်မည်မဟုတ်ဟု ခံစားရသည်။ သူစိုးရိမ်မနေတော့ဘဲ မျက်နှာသစ်ရန် အနီးအနားကမြစ်တစ်ခုဆီပြေးသွားလိုက်သည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now