အခန်း(၁၉) အိပ်မက်ထဲကအိပ်မက်။
ကျန်းရွှင်းယီအံ့သြသွားမိသည်- ယွင်ရှဲ့အခုလိုမူမမှန်တာက ဒီမိစ္ဆာဘုရင်ရွှမ်လီရဲ့အလောင်းနဲ့များဆက်စပ်နေမလား?ဒီအချက်ကိုစဥ်းစားမိပြီး သူ့စိတ်ထဲမှာအကြံတစ်ခုရုတ်ခြည်းပေါ်လာသည်။ 'ပဒုမ္မာကြာပန်း'ဟုအမည်ရသည့်လင်းယင်တောင်ပေါ်မှာသာလျှင် ပေါက်ရောက်သောဝိညာဥ်ပန်းပွင့်အမျိုးအစားပင်။ ထိုပန်းပွင့်၏ပွင့်ဖတ်လွှာ၅ခုသည် အလွန်အမင်းလှပပြီးနူးညံ့ထိခိုက်လွယ်ကာ မကောင်းသောမိစ္ဆာစွမ်းအင်ကိုဖိနှိပ်၍ တစ်စုံတစ်ယောက်၏စိတ်နှင့်ဝိညာဥ်ကိုကြည်လင်စေ၏။ တောင်ပေါ်တွင် သူတို့နှစ်ယောက်ဒဏ်ရာတွေကိုပြန်လည်ကုသစဥ်က ယွင်ရှဲ့ကထိုပန်းများထဲကတစ်ပွင့်ကိုယူ၍ အပြောင်အပြက်လုပ်ကာသူ့ကိုပေးခဲ့သည်။ ကျန်းရွှင်းယီမျက်မှောင်ကြုတ်ကာနှာခေါင်းရှုံ့ခဲ့ပေမယ့်လည်း ထိုပန်းကိုတော့လက်နောက်ပြန်ယူ၍ သူ့သိုလှောင်ရုံထဲမှာထည့်ထားလိုက်ဆဲပင်။ ယခုတွင်ဤပန်းပွင့်ကားလက်တွေ့အသုံးဝင်လာတော့မည်ပင်။
ဤအချိန်တွင် ယွင်ရှဲ့၏လက်များက ကျန်းရွှင်းယီပေါ့မဖိထားတော့သော်လည်း ကျန်းရွှင်းယီ၏ခါးပတ်တလျှောက်ကိုထိပါးလျက်ရှိသည်။ ကျန်းရွှင်းယီသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ပန်းခြောက်ကိုမြန်မြန်ထုတ်ကာ သူ့ပါးစပ်ထဲသူထည့်လိုက်သည်။
ဗြိဆိုသည့်အသံနှင့်အတူ သူ၏အပြင်ဝတ်ရုံမှာအဖြဲခံလိုက်ရသည်။
ကျန်းရွှင်းယီကျိန်ဆဲလိုက်မိသည်:"အသုံးမကျတဲ့ အမှိုက်"
သူအံကြိတ်ကာ အားခဲလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကိုအသာပင့်ကာ ယွင်ရှဲ့၏နှုတ်ခမ်းတစ်စုံကိုနမ်းရှိုက်လိုက်ရသည်။
ယွင်ရှဲ့၏သွေးရူးသွေးတန်းဖြစ်နေသည့်ကြားထဲ၌ပင်လျှင် ကျန်းရွှင်းယီ၏ထိုအပြုအမူလေးက သူ့အားသာယာမှုပေးစွမ်းစေလသည်။ ယွင်ရှဲ့သည်အရာရာတိုင်းကိုလျစ်လျူရှု၍ သူ့လက်နှစ်ဖက်ဖြင့်ကျန်းရွှင်းယီ၏မျက်နှာကိုဆုပ်ကိုင်ကာ သူ့လျှာကိုသုံးပြီး ကျန်းရွှင်းယီ၏နှုတ်ခမ်းကိုဖွင့်ဟလိုက်သည်။
----ထို့နောက် သူသည်မြေပြင်ပေါ်သို့တုံးခနဲလဲကျသွားတော့၏။
ပန်းပွင့်ဖတ်ကိုယွင်ရှဲ့၏ပါးစပ်ထဲသို့အောင်မြင်စွာပို့လိုက်နိုင်ပြီးနောက် ကျန်းရွှင်းယီသက်မချလိုက်မိစဥ် ယွင်ရှဲ့မေ့မြောသွားသည်ကိုသူသတိပြုမိလိုက်သည်။ သူထိုင်ချလိုက်ကာလက်ဆန့်၍ ယွင်ရှဲ့၏မျက်ခုံးနှစ်ဖက်ကြားကိုထိလိုက်ပြီး သူ၏အသိစိတ်ကိုတိုက်တွန်းကာ ယွင်ရှဲ့၏မူလဝိညာဥ်*ကိုရှာဖွေလိုက်သည်။
[*မူလဝိညာဥ်ဆိုတာကတော့ တစ်ယောက်ရဲ့ကိုယ်ခန္ဓာထက်ပိုမြင့်ပြီးတော့ သူ့ဘာသာသူဖြစ်တည်လာတာပါ။ အဲ့ဒါကိုကျင့်ကြံခြင်းအားဖြင့် ကျင့်ကြံသူတွေက သူတို့ရဲ့ဝိညာဥ်ကိုတဖြည်းဖြည်းပိုပြီးထိန်းချုပ်နိုင်လာလိမ့်မယ်။ ၎င်းကစစ်မှန်တဲ့အဆီအနှစ်ဖြစ်ပြီး လူ့အသက်မှာအရေးကြီး၏။]
BẠN ĐANG ĐỌC
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
Phiêu lưuAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...