[၈၈.၁] အမှန်တရား။

1.9K 340 10
                                    

!unicode!

အခန်း(၉၅) အမှန်တရား။ - (၁)

.....

တုလီကလှည့်လာကာ ကျန်းရွှင်းယီ၏မျက်နှာပေါ်တွင်အကြည့်ဝေ့ဝဲသွားသည်။ သူလက်ဆန့်ကာ သတ်ဖြတ်ရန်ရည်ရွယ်ချက်မရှိသည့်ဓားကို ညင်သာစွာတွန်းဖယ်လိုက်သည်။ ခေါင်းတစ်ချက်ငြိမ့်ကာ သက်ပြင်းချသံနှင့်အတူ ပြောလိုက်သည်။
"အစ်ကို့ညီလေး...."

မိုးကြိုးပစ်ချလိုက်သည့်နှယ်၊ သူ့နားများအူတက်သွားကာ သူ့ခန္ဓာကိုယ်မှာထုံထိုင်းသွားတော့သည်။ သူ၏နှလုံးမှာ သူ၏ရင်ညွှန့်ရိုးသို့ရိုက်ခတ်နေသကဲ့သို့ သူခံစားနေရသည်မှာ သူ့ရင်ဘတ်ကြီးပေါက်ထွက်တော့မည့်အလား။ မသိလိုက်ပါပဲနှင့် သူ့ဓားမှာမြေကြီးကိုကျသွားတော့သည်။ သူ့သွေးများဆူပွက်နေသကဲ့သို့ခံစားနေရသည့်တိုင်၊ သူမထိန်းနိုင်စွာတုန်ရီနေဆဲပါပင်။ တွန်းအားများစွာသုံး၍ စကားလုံးများညှစ်ထုတ်လိုက်ရသည်။
"အစ်ကို...ကျန်းယွီအန်း? အစ်ကိုလား? တုလီက... အမြဲတမ်းပဲအစ်ကိုဖြစ်နေခဲ့တာလား။"

တုလီ(သို့မဟုတ်)ကျန်းယွီအန်းသည် ရယ်မောလိုက်ပေမဲ့ သူ့မျက်နှာပေါ်တွင်အပြုံး၏အရိပ်အယောင်စိုးစဥ်းမျှမရှိ။ ထိုအစား သူ့မျက်လုံးများနီရဲလာပြီး ကျန်းရွှင်းယီအားဖက်ရန် ရှေ့ကိုလျှောက်လာကာ ခေါ်လာခဲ့သည်။
"ရွှင်းရွှင်း"

အကယ်၍ လူတစ်ယောက်ဟာ သံသယဖြင့်အမှောင်ဖုံးနေရင်တောင်မှ၊ သူ၏အဆိုးမြင်သောသဘောထားမှာ သံသယများလွယ်ကူစွာမြင့်တက်လာပြီး အတွေးမှာလည်းမယုံကြည်နိုင်စရာပင်။ သူ့စိတ်ထဲတွင်အတွေးတစ်ခုပေါ်လာခဲ့ပေမဲ့ သူမယုံကြည်ရဲခဲ့ပေ။ သို့သော် အခုလေးတင် ကျန်းယွီအန်း၏မျက်နှာထားနှင့်စကားပြောပုံဆိုပုံကား အရာအားလုံးကိုသက်သေပြနေခဲ့သည်။ အဖက်ခံလိုက်ရသည်နှင့် ဒါဟာအိပ်မက်တစ်ခုကဲ့သို့ ကျန်းရွှင်းယီခံစားနေရဆဲပင်။ သူသည် ပြန်ဖက်ရန် စိတ်ဗလာနတ္ထိဖြင့်လက်မြှောက်လိုက်ကာ ရေရွတ်မိသည်။
"အစ်ကိုဒီမှာဘာကြောင့်ရှိနေတာလဲ..."

ကျန်းယွီအန်းကတီးတိုးပြောသည်။
"မင်းကိုအိမ်ပြန်ဖို့လာခေါ်တာလေ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Où les histoires vivent. Découvrez maintenant