အခန်း(၃၆) အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ် (၃)
ကျန်းရွှင်းယီသည် လူစုထဲက ခုန်ထွက်လာချိန်တွင်၊ သူ၏ခြေဖဝါးကတော့ ခြေချစရာနေရာတောင်ရှာမတွေ့သေးပါချေ။ အောက်ကိုငုံံ့ကြည့်လိုက်တော့၊ သူဟာ ကောင်းကင်ကနေ ကျဆင်းနေတာကိုတွေ့လိုက်ရပြီး လေများဟာလည်း သူ့နားကို ဖြတ်ရိုက်သွားကြသည်။
သူ့မျက်နှာကို အေးစက်စက်လေညှင်းအေးများ ဖြတ်သန်းသွားခြင်းက သူ၏အကြောင်းပြချက်ထဲက သေးငယ်သောအပိုင်းလေးကို ပေးသည်။ သူသည် လေဟာနယ်ထဲတွင် ခုန်ကျော်လိုက်ပြီး အနီးအနားရှိကျောက်ထရံဘေးက အဖုအထစ်ကို အမှီသဟဲပြုကာ သူ့ကိုယ်သူတည်ငြိမ် မြဲမြံအောင်လုပ်လိုက်သည်။
သွေးနီရောင်လူသေပုံများဖြင့်ပြည့်နေသောရွာနှင့် လူစုကြီး၏ဆူညံပွက်လောရိုက်သံများမှာ ယခုမူ သဲလွန်စတောင်မကျန်ပဲ ပျောက်ကွယ်သွားလေပြီ။ သူတို့၏နေရာတွင် တိတ်ဆိတ်နေသောဟာလာဟင်းလင်းတောင်ထွတ်များနှင့် ထူထဲသောအရိပ်ရသည့်သစ်ပင်များသာဖြစ်နေသည်။ သက်ရှိလူတစ်ဦးတစ်ယောက်မျှတောင်မတွေ့ရ။ မှောင်မိုက်သောညဖြစ်နေသော်လည်း၊ ညကောင်းကင်ယံမှာမူ သလင်းကျောက်သဖွယ် ကြည်လင်ရှင်းသန့်နေကာ တစ်စုံတစ်ယောက်၏နှလုံးသားကို အေးချမ်းစေသည့် သိမ်မွေ့သောအလင်းရောင်များကို ဆောင်ကျဥ်းထားပါသော ကြယ်ကလေးများဟာလည်း တလက်လက်တောက်ပနေပါသည်။
သို့သော်ငြားလည်း ဒီငြိမ်ဆိမ်သည့်နေရာမှာမူ ဟောတန်နှင့်ယွင်ရှဲ့တို့၏အရိပ်အယောင်တောင် မရှိပါချေ။မိစ္ဆာတွေကိုဖမ်းချုပ်ထားသည့် တောင်ထွတ်၏အတွေ့အကြုံရပြီးနောက်မှာ၊ ကျန်းရွှင်းယီဟာ ကူကယ်ရာမဲ့သွားပေမယ့်၊ သူဟာ ထူးဆန်းပြီးဆန်းကြယ်တဲ့အတွင်းဖက်မိစ္ဆာထဲမှာ ထပ်ပြီးပိတ်မိနေသလားဆိုတာကိုတော့ သိချင်မိသည်။ သူသည် သူ၏ခြေလက်တွေကိုဆွဲဆိတ်လိုက်ပါ၏။ သူ၏လက်ရှိခန္ဓာကိုယ်ဟာ တုဟန်၏ကိုယ်လား၊ ဒါမှမဟုတ်၊ ကျန်းရွှင်းယီဖြစ်နေသေးလားဆိုတာကို စစ်ဆေးလိုက်တာဖြစ်သည်။ ၎င်းဟာ ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူးဆိုတာကို ဆုံးဖြတ်ပြီးမှသာလျှင်၊ သူသည် ဖြေးဖြေးချင်းဖြင့် သူ၏ပတ်ဝန်းကျင်ပတ်လည်ကို ကြည့်ရှုတော့သည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...