!unicode!
အခန်း(၉၅) အမှန်တရား -(၂)
......
ကျန်းရွှင်းယီပြောသည့်စကားများဟာ အနည်းငယ်မရေမရာဖြစ်စရာကောင်းပေမဲ့ ကျန်းယွီအန်းတော့ တစ်ခါတည်းနားလည်လေသည်။
"အမှန်ပဲ။ ရွှင်းရွှင်း၊ မင်းရဲ့မူလကံကြမ္မာအကြောင်းတွေးကြည့်လိုက် - အစကတည်းက မင်းရဲ့ပါရမီနဲ့ ကျင့်ကြံရေးအဆင့်က ယွင်ရှဲ့နဲ့တန်းတူရပ်တည်နိုင်တယ်။ ဒါပေမဲ့ မင်းက ယွင်ရှဲ့ရဲ့ဖြောင့်မတ်မှန်ကန်တဲ့ဂုဏ်သတင်းကိုဖြည့်ဆည်းပေးဖို့ ယွင်ရှဲ့ရဲ့ဓားချက်အောက်မှာနောက်ဆုံးမသေဆုံးရခင်အထိ မင်းရဲ့တစ်ဘဝလုံးယွင်ရှဲ့ကိုခစားနေခဲ့ရတာ။ ဟမ့်၊ ဒါကတရားမျှတမှုလို့မခေါ်ဘူး။ ဒါကကံကြမ္မာရဲ့ကစားနည်းသက်သက်ပဲ။"ကျန်းယွီအန်းကကူကယ်ရာမဲ့စွာဖြင့်ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
"ဒါပေမဲ့အခုကျတော့ရော? မင်းကသူနဲ့အဆင့်တူသွားပြီလေ။ မင်းရဲ့ဂုဏ်သိက္ခာ၊ အဆက်အသွယ်နဲ့ အဆင့်အတန်းတွေအားလုံးက ယွင်ရှဲ့အောက်မှာမဟုတ်တော့ဘူး! ယွင်ရှဲ့သာမိစ္ဆာလမ်းစဥ်ကိုရွေးချယ်သွားပြီး ဗီလိန်တစ်ယောက်ဖြစ်လာမယ်ဆိုရင် ဒီကမ္ဘာက အဓိကဇာတ်ဆောင်အသစ်တစ်ယောက်ကို အလိုအလျောက်ရွေးချယ်သွားလိမ့်မယ်။ မင်းကလွဲရင် ဘယ်သူဖြစ်နိုင်မှာတဲ့လဲ။ ပြီးရင် မင်းကကမ္ဘာကြီးကိုထိန်းချုပ်နိုင်လာပြီး စနစ်ကမင်းကိုထောက်ပံ့ပေးလိမ့်မယ်၊ အိမ်ပြန်တာကတော့ တွေးလိုက်ရုံပဲ။"ကျန်းရွှင်းယီပင့်သက်ရှိုက်လိုက်မိကာ သူ၏နှလုံးသားမှာတဒုန်းဒုန်းခုန်နေလေသည်။ သူ၏လေသံမှာလူသေတစ်ယောက်နှယ် ဟောင်းလောင်းပေါက်ဖြစ်နေသည်ကို သူခံစားမိသည်။
"ဒါဆိုရင် ယွင်ရှဲ့ကကျွန်တော့်ရဲ့မူလကံကြမ္မာကိုဆက်ယူပြီး လူတိုင်းရဲ့အအော်ခံ၊ အရိုက်ခံရမယ့် ဗီလိန်တစ်ယောက်ဖြစ်လာမှာ...သူ့ဇာတ်ကောင်ကို မိစ္ဆာဂိုဏ်းချုပ်အဖြစ်ပြောင်းလဲမယ်..."သူသည် သူ၏ရှည်ကြာသောအိမ်မက်ထဲမှရုတ်တရက်နိုးထလာခဲ့ကာ အတိတ်၏လျို့ဝှက်ချက်များမှာလည်းဖော်ထုတ်ခံလိုက်ရလေသည်။ ဤတဒဂ်၌၊ အချစ်၊ အမုန်း၊ ဒေါသ၊ ဥပေက္ခာပြုခြင်းတို့က သူ့စိတ်ထဲတွင် တစ်လှည့်ပြီးတစ်လှည့်အလုပ်ရှုပ်နေသည့်နှယ် ဆုံးဖြတ်နေခဲ့ကာ ထောင်ရာချီသောတောင်ပေါင်းများစွာ၏ဖိအားတို့က သူ့အပေါ်ကျရောက်လာပြီး များပြားလွန်းသောကြောင့် သူ၏အသက်ရှုနှုန်းပင်ယိုယွင်းလာခဲ့ပေသည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...