[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။

2.7K 442 3
                                    

!unicode!

အခန်း(၇၁) စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။

......

သူကယ်တင်လာခဲ့သည့် ကျင့်ကြံသူတွေကို ယွင်ရှဲ့ကြည့်လိုက်သည်။
"ဒီလူတွေက ဂိုဏ်းလဲမရှိ၊ ကျောင်းလဲမရှိဘူးလေ။ မင်းဘာလို့သူတို့နဲ့မတိုင်ပင်ကြည့်တာလဲ။ သူတို့သာနေဖို့ဆန္ဒရှိရင် မင်းကိုသူတို့ကူညီနိုင်မှာပါ။"

ယန်ရှန်းဂိုဏ်းနှင့်လင်းယင်ဂိုဏ်းတို့သည်ကား ကျောင်းတော်ကြီးများဖြစ်ရာ တပည့်ဂိုဏ်းသားရွေးချယ်ခြင်းကိစ္စနှင့်ပတ်သတ်၍ အလွန်ကန့်သတ်ထားပေ၏။ ဂိုဏ်းသားအများစုမှာ ငယ်စဥ်အရွယ်မှစ၍ ရွေးချယ်ထားကြသည်ဖြစ်ပြီး တခြားဂိုဏ်းလက်အောက်မှဂိုဏ်းသားများကို လက်ခံခဲလေသည်။

သူပြောလိုက်သည်နှင့် ငယ်ရွယ်သောဂိုဏ်းသားလေးတစ်ယောက်ပြောလာသည်ကို သူကြားလိုက်ရသည်။
"ယွင်ဂိုဏ်းသခင်၊ ကျွန်တော်ခင်ဗျားနောက်လိုက်လို့ရမလား။"

ထိုသူကား မတိုင်ခင်ကယွင်ရှဲ့အားမေးခွန်းထုတ်ခဲ့သော မာပင်း ဖြစ်သည်။ ကျန်းရွှင်းယီသည် သူ့အားတစ်ခါမှမမြင်ဖူးသည်ဖြစ်ရာ သူ့ကိုစိုက်ကြည့်ပြီး မေးလိုက်သည်။
"မင်းကဘယ်ဂိုဏ်းကလဲ။ ဓားဘယ်လိုကိုင်ရမလဲဆိုတာ မင်းသိလား။"

ကျန်းရွှင်းယီ၏မည်သူမည်ဝါဖြစ်ကြောင်းနှင့် အမည်မသိဂိုဏ်းသားတစ်ယောက်အား ဤကဲ့သို့မေးခွန်းမျိုးမေးလိုက်သည်က အလွန်ယဥ်ကျေးရာကျနေပြီဖြစ်သည်၊ သို့ပေမဲ့ မာပင်းကပြန်မဖြေပေ။ ထိုအစား သူကပြောလာသည်။
"ခင်ဗျားက ကျန်းရွှင်းယီလား။ ကျွန်တော်ခင်ဗျားအကြောင်းကောလဟာလတွေကြားဖူးပါတယ်။"

သူ၏အမူအရာမှနေ၍ သူဖော်ညွှန်းလိုက်သည့်ကောလဟာလများဟာ သူ၏ဉာဏ်ပညာကြွယ်ဝမှုနှင့် သိုင်းပညာများအကြောင်းမဟုတ်သည်မှာ အလွန်ပင်သိသာလွန်းလှသည်။ ကျန်းရွှင်းယီဒေါသမထွက်မိပေ။ ထိုအစား မာပင်း၏ရင်ဘတ်ပေါ်၌ချိတ်ဆွဲထားသော ကျောက်စိမ်းဗုဒ္ဓရုပ်ပုံတော်ကိုမြင်လိုက်ရပြီးနောက် သူအတွေးထဲနစ်မျောသွားတော့သည်။

ယွင်ရှဲ့ပြုံးကာ နားထင်ကိုအမှုမဲ့အမှတ်မဲ့ပွတ်လိုက်သည်။
"မင်းနာမည်ဘာလဲ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now