[၂၂] အမှန်ဖြစ်လာခြင်း။

4.9K 902 20
                                    

#Unicode

အခန်း(၂၂) အမှန်ဖြစ်လာခြင်း

မိစ္ဆာဘုရင်ရွှမ်လီက အခန်းထဲကို ရုတ်တရက် မဝင်လာခင်မှာ ပြတင်းပေါက်အပြင်ကနေ ခပ်ဖျော့ဖျော့ ပြုံးလေသည်။
"ကျောက်စိမ်းညီနောင်ပါလား။ အချိန်အကြာကြီး အိပ်စက်ပြီးတဲ့နောက်မှာ ဒီလိုငယ်ရွယ်ထူးချွန်တဲ့ လူငယ်နှစ်ယောက်နဲ့တွေ့ရမယ်လို့ မမျှော်လင့်ထားမိဘူး။ နှလုံးသားမိစ္ဆာပင်လယ်ကနေ လွတ်မြောက်သွားပြီးတော့ ငါ့မူရင်းခန္ဓာကိုယ်ကိုတောင် ဖျက်ဆီးသွားသေးတယ်- တကယ့် အာဂပါပဲ"

သူ ပြန်မပြောခဲ့ရင်တောင် ပိုကောင်းအုံးမည် သူက ထိုမတော်တဆမှုကို အစဖော်လိုက်တော့ ယွင်ရှဲ့က အဟန့်အတားကြားမှာ ကျန်းရွှင်းယီကို သူဘယ်လိုထိခိုက်အောင် လုပ်ခဲ့သလဲဆိုတာကို ပြန်သတိရသွားလေသည်။ ထိုမတော်တဆမှုအပြီးတွင် အပြင်ပန်းကတော့ အဆင်ပြေပုံပေါ်နေသော်လည်း ဖြစ်ခဲ့တဲ့အရာတွေကို ညတိုင်းပြန်သတိရနေကာ ရှက်လဲရှက်သလို နောင်တလဲရမိသည်။ အခုအချိန်တွင်တော့ သူက အံကြိတ်လိုက်ကာ အေးစက်စက်ရယ်လိုက်ပြီး 'မင်ဟဲ့'ဓားကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်ပါ၏။ မိစ္ဆာဘုရင်ရွှမ်လီ၏အရှေ့တည့်တည့်မှာတင် ကိုယ်လုပ်တော်ဝူယွဲ့၏ဝိညာဥ်ကို ဓားဖြင့် ခုတ်လိုက်လေသည်။

ဝိညာဥ်ကိုထိခိုက်စေခြင်းက အသားကို တစ်ချက်ခုတ်ခြင်းထက် ၁၀ဆပိုမိုပျက်စီးစေပါ၏။ ကိုယ်လုပ်တော်ဝူယွဲ့၏မျက်နှာက ရှုံ့မဲ့လာကာ ပြင်းထန်သောဝေဒနာကို ခံစားလိုက်ရတာကြောင့် အော်ငိုဖို့ ပါးစပ်ဖွင့်လိုက်ပါသော်လည်း ယွင်ရှဲ့က သူမ၏လည်ပင်းကို ညှစ်ထားတာကြောင့် သူမက စကားမပြောနိုင်ပါချေ။ သူမက မိစ္ဆာဘုရင်ရွှမ်လီကို မျက်ရည်အပြည့်ဖြင့်သာ ကြည့်နိုင်လေသည်။

မိစ္ဆာဘုရင်ရွှမ်လီက ပြုံးလိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကို အရူးလုပ်နေတာပဲ။ ဘာကြောင့် အသက်ရှင်ချင်သေးရတာတုန်း"
သူက ထိုသို့ပြောလိုက်ရင်းဖြင့် သူ့လက်ကိုမြှောက်လိုက်တော့ ထိုလက်က လေကိုဖြိုခွင်းမည့် လက်သည်းပုံပေါ်လာလေသည်။ ကိုယ်လုပ်တော်ဝူယွဲ့၏ဝိညာဥ်က ရုတ်တရက်ချင်း အလုံးလေးအဖြစ်ပြောင်းသွားကာ မိစ္ဆာဘုရင်ရွှမ်လီ၏လက်ဝါးထဲသို့ စုပ်ယူခြင်းခံလိုက်ရလေသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Onde histórias criam vida. Descubra agora