[၅၁] တာ့ကော။

3.3K 540 41
                                    

!Unicode!

အခန်း(၅၁) တာ့ကော

ယွင်ရှဲ့သည် သူ့လက်ထဲတွင်ရှိနေဆဲဖြစ်သော အပ်ကို ကြည့်နေသည်။
"သူ့ကို ဒါလုံးဝမထိသွားဘူးဆိုတာ သေချာပါတယ်။"

"ငါ့ကိုပြ" ကျန်းရွှင်းယီဟာ လက်ဆန့်ပြီး ၎င်းကိုလှမ်းယူဖို့လုပ်လိုက်ပေမယ့် ယွင်ရှဲ့၏တားဆီးခြင်းခံလိုက်ရသည်။

"မလှုပ်နဲ့။ ဒါက သစ်ပင်အဆိပ်သုတ်ထားတယ်။ တကယ်လို့ မင်းကို မတော်မဆခိုက်မိသွားရင်ဘယ်လိုလုပ်မလဲ။"

သူဟာ သူ့ဝတ်ရုံကို အနည်းငယ်ဖြဲနေရင်းဖြင့် အပ်ကိုလည်း ကျန်းရွှင်းယီခိုးသွားမှာစိုး၍ သူ့လက်မောင်းကြားထဲညှပ်ထား၏။ လူအုပ်ကြီးထဲမှ တစ်ယောက်ကအော်ပြောလာသည်။
"ယွင်ဂိုဏ်းချုပ်၊ လူတစ်ယောက်ရဲ့နှလုံးက လေထဲကို ဘယ်လိုလုပ်ပြီးပျောက်ကွယ်သွားရတာလဲ။ ဒီနေရာက အန္တရာယ်များတာပဲဖြစ်လိမ့်မယ်။"

ယွင်ရှဲ့သည် မျက်လုံးထောင့်ကနေကြည့်မိတော့ ထိုသူဟာ ချန်ဓမ္မဂိုဏ်း၏ဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူမယဥ်မကျေးပြောလိုက်သည်။
"ကျုပ်ဘယ်လိုလုပ်သိမှာတုန်း။ ဒါကကျုပ်နဲ့ဘာဆိုင်လို့လဲ။ အကယ်၍ ဒီနေရာကအန္တရာယ်ရှိတယ်ဆိုရင်တောင်မှ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ပဲကာကွယ်သွားမှာ။ ခင်ဗျားသေသေ၊ ရှင်ရှင် ကျုပ်နဲ့ဘာမှလုပ်စရာမရှိဘူး။ ခင်ဗျားက ကျုပ်တို့ရဲ့ပြဇာတ်ကို အပျော်ကြည့်ဖို့အတွက် ဒီကိုရောက်နေတာလေ၊ တကယ်လို့ ခင်ဗျားဆန်းဆန်းပြားပြားသေသွားရင်တောင်မှ ခင်ဗျားဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး၊ ခင်ဗျားကိုယ်ခင်ဗျားသာ အပြစ်တင်လိုက်တော့!"

ချန်လီ၏ထူးဆန်းသောသေဆုံးမှုဟာ အရင်ဖြစ်ပျက်ခဲ့ကာ ကျန်းရွှင်းယီ၏ကိစ္စဟာ ဖြေရှင်းပြီးသားဖြစ်သွားလေပြီ။ ယွင်ရှဲ့၏စကားများသည် ဟန့်တားသည့်သဘောဆောင်ကျဥ်း၏။ ထို့ကြောင့် လူအများစုမှာ နောက်ပြန်ဆုတ်စပြုနေကြပြီး တစ်ချို့ကတော့ ယွင်ရှဲ့ကိုနှုတ်ဆက်ဖို့ရာ အရှေ့တိုးလာကြသည်။ ယွင်ရှဲ့ဟာ ၎င်းတို့ကိုလျစ်လျူရှုထားပြီး အကုန်လုံးကို မျက်နှာသာမပေးခဲ့။ ဖုန်ရွှယ်နှင့် လေလွင့်ကျင့်ကြံသူဇီဟွေ့တို့ဟာလည်းပဲ မတ်တပ်ထရပ်ကာ အဝေးကိုလျှောက်သွားသည့်အခါကျမှသာလျှင် သူတစ်ခဏမျှတုံ့ဆိုင်းသွားမိသည်။ အဆုံးတွင်၌၊ သူ ၎င်းတို့ကို မတားလိုက်​မိတော့။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now