!unicode!
အခန်း(၇၉) ဘန်ရှီး။
.....
ကျန်းရွှင်းယီသည် လူကိုယ်တိုင်တွေ့ကြုံခဲ့ရခြင်းဖြစ်၍ ခန့်မှန်းချေတစ်ခုရှိပြီးသားဖြစ်၏။
"တစ္ဆေမှန်လို့ခေါ်တဲ့ မှော်လက်နက်တစ်ခုရှိတာကို ကျွန်တော်မှတ်မိပါသေးတယ်။ အဲ့ဒီ့မှန်က ရောင်ပြန်ဟပ်တဲ့တစ္ဆေပုံရိပ်တွေကို ဖန်တီးနိုင်ပြီး တစ်ယောက်ရဲ့နှလုံးသားထဲကနက်နက်ရှိုင်းရှိုင်းနီးစပ်တဲ့လူတွေရဲ့ပုံရိပ်ကိုတောင် တုပနိုင်သေးတယ်။ ဒါက တစ္ဆေမှန်လားဆိုတာကိုတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ကျွန်တော်လျှောက်ဝင်သွားတာက အဲ့ဒီ့မှန်နဲ့ဆင်တူတဲ့တစ်စုံတစ်ခုကနေဖန်တီးလိုက်တဲ့ ပုံရိပ်ယောင်ဖြစ်လိမ့်မယ်ဆိုတာကတော့ ကျိန်းသေတယ်။ ကျွန်တော့်ကိုအထဲဦးဆောင်လာတဲ့တစ်ယောက်ကတော့ မဂ်လာဝတ်ရုံနီပေါ်မှာစုစည်းနေတဲ့ အကန့်အသတ်မဲ့နာကျည်းမှုတွေကနေ ငွေ့ရည်ဖွဲ့လာတဲ့ မိစ္ဆာဝိညာဥ်တစ်ခုပဲဖြစ်တယ်။"ပုံရိပ်ယောင်ကား အရာအားလုံးနှင့်ဆန့်ကျင်ဖက်ဖြစ်နေသည်မှတစ်ပါး၊ လက်တွေ့အစစ်အမှန်နှင့်အတိအကျပင်တူညီ၏။ ကျန်းရွှင်းယီ၌ သာမန်ထက်ပိုသောမှတ်ဉာဏ်နှင့် စူးရှသိမြင်နိုင်သောသဘာဝရှိလေရာ ကွဲပြားချက်တစ်ခုကို သူလျင်မြန်စွာဖမ်းဆုပ်လိုက်နိုင်သည်။ ထို့အပြင်၊ သူသည် နောက်ကျတော့ ယွင်ရှဲ့၏ပုံရိပ်ယောင်နှင့်တွေ့ကြုံသောအခါ၊ ပုံမှန်နှင့်ဆန့်ကျင်ဖက်ဖြစ်သည့် ဓားကိုဘယ်လက်နှင့်ကိုင်နေသည်ကို သူချက်ချင်းသတိပြုမိလိုက်သည်။ သာမန်လူတစ်ယောက်အတွက်ဆိုလျှင်၊ ပုံရိပ်ယောင်ထဲသို့ဝင်ရောက်သွားပြီးနောက်တွင် သူတို့၏အာရုံငါးပါးကန်းသွားပေလိမ့်မည်။ သင့်အသိစိတ်ပျောက်ဆုံးသွားသည်နှင့် ရုန်းထွက်ဖို့ရာ ခဲယဥ်းလိမ့်မည်ပင်။
ယွင်ရှဲ့သည် ကျန်းရွှင်းယီနံဘေးတွင်ထိုင်ကာ လက်ပေါ်မေးတင်ထားရင်းဖြင့် သူစကားပြောနေသည်ကို အပြုံးတစ်ပွင့်ဖြင့်ကြည့်နေခဲ့၏။ ဒါကိုကြားလိုက်ရသော်၊ သူ့လက်ကိုမြှောက်ကာ စားပွဲပေါ်သို့တစ်စုံတစ်ခုပစ်တင်လိုက်ရာ "ကလစ်"ဟုအသံဖျော့ဖျော့မြည်သွားပေသည်။
"အားရွှင်း၊ မင်းကအရမ်းဉာဏ်ကောင်းတာပဲ။ ဒါက တစ္ဆေမှန်မဟုတ်လား။"
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...