!unicode!
အခန်း(၆၉) ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
........
ယွင်ရှဲ့၏အပြုံးအေးခဲသွားရကာ ထိုအချိန်တစ်ခဏ၌ သူ့နှလုံးခုန်သံလုံးဝရပ်တန့်သွားသလို သူခံစားလိုက်ရသည်။ ရင်းနှီးကျွမ်းဝင်လှသောအကြောက်တရားကား သူ၏နှလုံးသားကို လွှမ်းခြုံလာခဲ့၏။
ကျိုးကျန့်ဖန်သည်လည်း ထိတ်လန့်သွားခဲ့သည်။ သူသည် သူ့အားကူတွဲပေးရန်ရှေ့တစ်လှမ်းတိုးလိုက်ချိန်၌၊ သူမြင်လိုက်ရသည်မှာ ယွင်ရှဲ့ဟာ ချက်ချင်းတည်ငြိမ်မြဲမြံစွာရပ်လိုက်ပြီးသားဖြစ်ပြီး သူ၏အတွင်းပိုင်းဒဏ်ရာကိုပြန်တင်းထားရသည့်နှယ် ကျောကိုမတ်ထားလေသည်။
သူကား ငယ်စဥ်ကလေးဘဝကတည်းက အနာဂတ်ဂိုဏ်းအရှင်သခင်ဖြစ်နေခဲ့သည်၊ ထို့ကြောင့် သူဟာ အခြားသူတွေထပ်သုံးဆပို၍လေးလံသောဝန်ထုပ်ဝန်ပိုးနှင့် မွေးဖွားလာခဲ့ရ၏။ သူ့နှလုံးသားထဲ၌မည်မျှပင်နာကျင်နေပါစေ၊ သူ့မျက်နှာထက်ပေါ်တွင်လုံးဝပြသခြင်းအလျှင်းမရှိခဲ့ပေ။ အကယ်၍ သူလဲကျသွားရင်တောင်မှ၊ ကမ္ဘာပေါ်၌ နောက်ဆုံးသောလဲကျခြင်းဖြစ်ပေလိမ့်မည်။
ယွီဟုန်သည် နာကျင်မှုနှင့် စိတ်ရှုပ်ထွေးခြင်းအပြည့်ပင်။ ရုတ်တရက်သူ့ပုခုံးတင်းကြပ်သွားသလိုခံစားလိုက်ရရင်းဖြင့် ယွင်ရှဲ့ဟာ သူ့ပုခုံးကိုဆွဲကာ သူ့ကိုအပေါ်ဆွဲလိုက်သည်။ သူမော့ကြည့်မိရာ တစ်ဖက်လူ၏အေးဆေးတည်ငြိမ်သောမျက်နှာကို မြင်လိုက်ရပေသည်။
"မငိုနဲ့" ယွင်ရှဲ့၏အသံမှာ လျင်မြန်ကာ တွန်းအားပေးမှုအပြည့်ပင်။
"မင်းရဲ့ရှစ်ရှုက ဘယ်သူဆိုတာ ပြန်စဥ်းစား၊ သူသေချာပေါက်အဆင်ပြေလိမ့်မယ်။ မစိုးရိမ်နဲ့၊ ငါသူ့ကိုသွားရှာလိုက်မယ်!"သူဟာ ယွီဟုန်၏ပုခုံးကို သူ၏လက်ဆစ်များအနည်းငယ်ဖြူစွတ်လာသည်အထိ တင်းကြပ်စွာဆုပ်ကိုင်ထားလေသည်။ ယွီဟောင်အားပြောနေသည့်ပုံပေါ်နေပေမဲ့ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူပြောနေပုံပေါ် သည်။
"ငါ့ရဲ့ယန်ရှန်းဂိုဏ်းချုပ်ပိုင်ဆိုင်မှုက ကိုယ်ပေါ်မှာဝတ်လိုက်တဲ့အချိန်ကျရင် အဆိပ်ပေါင်းတစ်ရာကိုကုသနိုင်တဲ့ ကျောက်စိမ်းလက်စွပ်ပဲ။ လက်စွပ်မှာ ငါ့ရဲ့ချီစွမ်းအင်ပါတယ်။ မင်းဦးလေးအဲ့ဒါကိုဘယ်လိုသုံးရမယ်ဆိုတာ သိပါတယ်...လက်စွပ်ဝတ်လိုက်တာနဲ့ ဘာပဲဖြစ်လာပါစေ၊ အဲ့ဒါက သူ့ကိုကာကွယ်ပေးနိုင်တယ်။"
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...