[၈၁] တစ်ဖက်လူ။

1.8K 329 2
                                    

!unicode!

အခန်း(၈၁) တစ်ဖက်လူ။

.......

သူမခြံဝင်းထဲဝင်လာပြီးမကြာမီမှာပင်၊ သူမထံသို့တစ်ခုခုခုန်ဝင်လာသည်ကို မြင်လိုက်ရသော် ရိုရိုကူကယ်ရာမဲ့စွာဖြင့်သူမကိုယ်သူမကာကွယ်ဖို့ရန် ဓားမြှောင်မဆွဲထုတ်လိုက်ခင်တွင် သူမအံ့အားသင့်စွာအော်လိုက်မိသည်။ သို့သော် သူမ၌လှုပ်ရှားဖို့ရာအခွင့်အရေးမရှိလိုက်။ တစ်စုံတစ်ယောက်ကသူမရှေ့သို့ဖျတ်ခနဲရောက်လာပြီး သူမအားတိုက်ခိုက်လာသည့်တိုက်ကွက်ကို လက်တစ်ဖက်တည်းဖြင့်မတားဆီးလိုက်ခင်၊ ရိုရို့အားအနောက်မှဆွဲလိုက်သည်။

ရိုရိုကတီးတိုးပြောသည်။
"ကျန်းသခင်လေး.."

"အမ်း" ကျန်းရွှင်းယီကတိုတိုတုတ်တုတ်ပြောလိုက်သည်။
"မကြောက်နဲ့။"

သူသည် ပြိုင်ဖက်၏လှုပ်ရှားမှုများကိုလေ့လာနေခဲ့ပြီး သူတို့ကသေစေနိုင်သည့်ရိုက်ချက်ကို လုပ်ဖို့ရန်တကယ်တမ်းအလျင်လိုမနေကြောင်းကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင်တွက်ချက်မှုတစ်ချို့စတွက်လိုက်သည်။ တိုက်ကွက်အနည်းငယ်ပြီးသည့်နောက်တွင် သူသည် ပြိုင်ဖက်၏လက်ကောက်ဝတ်အားရုတ်တရက်မြဲမြံစွာဆွဲလိုက်ရာ ကြာပွတ်ကမြေကြီးပေါ်ကျသွားတော့၏။ ထို့နောက် အပေါ်ပျံသန်းကာ ထိုလူ၏ဒူးအနောက်ဖက်ကိုကန်လိုက်တော့ ၎င်းအားညည်းတွားသံနှင့်အတူ မြေကြီးပေါ်ဒူးထောက်ကျသွားစေသည်။ ကျန်းရွှင်းယီကလက်ချောင်းများကိုအသာလှုပ်လိုက်ရာ မျက်နှာဖုံးအမည်းမှာမြေခသွားချေသည်။

သူအေးစက်စွာပြောလိုက်သည်။
"ချီရှစ်ကျို၊ တကယ်ပဲမင်းကိုး။"

အခြားတစ်ဖက်၌မူ၊ ယွင်ရှဲ့သည် အခြားတိုက်ခိုက်သူအားလျှပ်တစ်ပြက်အတွင်းတွင် ကောင်းကောင်းကြီးဂရုစိုက်လိုက်ပြီဖြစ်၏။ အလောင်းထဲမှဓားပြန်ဆွဲထုတ်လိုက်သည်နှင့် အလောင်းကားအငွေ့ဖြစ်သွားကာ ပျောက်ကွယ်သွားလေသည် - ကြည့်ရသည်မှာ ကွဲထွက်သွားသောပုံရိပ်ကား ဘာမှမဟုတ်ပင်မဲ့ ပုံရိပ်ယောင်ဖြစ်ပုံပင်။

ဤအချိန်တွင် အခြားလူများလည်းရောက်ရှိလာကြသည်။ တုလီသည် တံခါးဝမှဝင်လာခဲ့ပြီး သူ့လက်သီးကိုနှစ်ခါဆုပ်လိုက်သည်။ အခန်းထဲရှိဖယောင်းတိုင်မီးလင်းလာကာ လူတိုင်း၏မျက်နှာနှင့်အမူအရာတို့အားရှင်းလင်းစွာ အလင်းပေးနေသည်။ လူတစ်ယောက်ချင်းစီ၏အရိပ်ကား နံရံပေါ်တွင်ရှည်လျားနေလေရာ မကောင်းသောလေထုအားဖန်တီးပေးသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now