အခန်း(၄) ပထမဆုံးကျူးကျော်ရန်စခြင်း(၂)
မမျှော်လင့်စွာဖြင့် ပထမဦးဆုံးပြောလိုက်သောစကားတစ်ခွန်းက ကျန်းရွှင်းယီကို ထိုင်နေရာမှထခုန်လုမတတ်ဖြစ်သွားစေသည်။ အက်ရှရှအသံနှင့်လူငယ်တစ်ယောက်ပြောတာကို သူကြားလိုက်ရသည်။
"ငါ့အမြင်အရ ဂိုဏ်းခေါင်းဆောင်ကျန်းက ပုံအကြီးကြီးတွေကိုမမြင်ရဘူးတဲ့! အဲ့ဒီ့ကျန်းရွှင်းယီက သူစိုက်ပျိုးထားတာတွေကိုရိတ်သိမ်းသွားရတာပဲ။ သူ့ပြစ်မှုတွေနဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုရသွားတာလေ။ ငါတို့ဂိုဏ်းသခင်နဲ့ ဘာဆိုင်လို့လဲ။ ဂိုဏ်းခေါင်းဆောင်ကျန်းက အမြဲတမ်းစိတ်အနှောင့်အယှက်ပေးပြီး နားပူနားဆာလုပ်နေတာပဲ! ဒီတစ်ခါငါတို့တောင်ပေါ်တက်သွားပြီး မိစ္ဆာဂိုဏ်းကိုရှင်းတုန်းက ငါတို့က အင်အားများကြတယ်။ သူထွက်မကူညီဘူး၊ ရတယ်။ ဒါပေမဲ့ သူက ကျန်းရွှင်းယီရဲ့အလောင်းကို ပြန်ရဖို့အတွက် မလိုအပ်ပဲရေးကြီးခွင်ကျယ်လုပ်ပြီး အော်ကြီးဟစ်ကျယ်လုပ်ခဲ့တယ်လေ။ ဘာလဲ၊ ဒီလိုအရာမျိုးကို ဘယ်သူကသိမ်းထားမှာလဲ။ အဲ့ဒီ့အလောင်းကအပိုင်းပိုင်းခုတ်ခံရပြီး အချဥ်ရည်နဲ့တို့စားခံနေရလောက်ပြီ!"ထိုကောင်လေးဖော်ပြသွားခဲ့သည့် ဂိုဏ်းခေါင်းဆောင်ကျန်းကား ကျန်းရွှင်းယီ၏ရှစ်တိဖြစ်ပြီး ကျန်းမော့လုံဟုအမည်ရသည်။ သူတို့နှစ်ယောက်လုံးက သူ့ရှစ်ဖူးထာဝရရှင်သန်သူဆရာတိမင်၏ကောက်ယူမွေးစားခြင်းခံခဲ့ရပြီး သူတို့ရှစ်ဖူး၏မျိုးရိုးနာမည်ကိုလည်းအတူတူခံယူခဲ့ကြသည်။ ကျန်းရွှင်းယီ၏ပုန်ကန်ထကြွမှုအပြီးတွင် ကျန်းမော့လုံက အရှေ့ဘက်လင်းယင်ဂိုဏ်းကိုဦးဆောင်၍ သူ့ကိုလိုက်ရှာနေသေးတယ်ဟုသူကြားခဲ့သည်။ သူ၏ဆိုးဝါးလှသောဂုဏ်သတင်းတို့ဖြင့် သူ့ညီလေးကိုအောက်ကိုဆွဲမချချင်ပေ။ ထို့ကြောင့် သူမသေခင် ကျန်းမောလုံကိုမဆက်သွယ်ခဲ့ပေ။ ဒါပေမယ့် ကျန်းမော့လုံကလည်း ဒီတောင်ပေါ်ကိုထပ်လာအုံးမည်ဟု သူမထင်ထားခဲ့မိပေ။
သူမျက်မှောင်ကြုတ်မိရင်းဖြင့် မိန်းကလေးတစ်ယောက်၏တီးတိုးပြောသံကို ကြားလိုက်ရသည်။
"နင်အဲ့လိုပြောလို့မရဘူးလေ။ ဂိုဏ်းခေါင်းဆောင်ကျန်းက သူ့ရဲ့အစ်ကိုကိုဂရုစိုက်တာ ဘာမှမမှားဘူး။ ပြီးတော့ ကျန်းရှီ--ငါဆိုလိုတာက..တကယ်လို့ ကျန်းရွှင်းယီကတကယ်အဲ့လောက်ထိဆိုးသွမ်းတယ်ဆိုရင် ငါတို့ဂိုဏ်းသခင်က ကျန်းရွှင်းယီသေပြီးတဲ့နောက်မှာ ဘာကြောင့်ယူကြုံးမရဖြစ်နေမှာလဲ။ ဒီဟာတွေရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တချို့ရှိရင် ရှိနိုင်တယ်..."
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...