[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။

2K 316 1
                                    

!unicode!

အခန်း(၉၃) တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။ (၁)

......

ခြုံပုတ်များကိုလိုက်ရိုက်ခြင်းအားဖြင့် အနီးဝန်းကျင်ကိုသူတို့ဝန်းရံလိမ့်မည်ကို ကျန်းရွှင်းယီသိထားကာ အဆုံး၌မူ၊ ဗဟိုချက်က သူတို့ထံပြန်လာနေဆဲပင်။ သူစကားပြောရန်ပါးစပ်ဟလိုက်သည်နှင့် ယွင်ရှဲ့ကတည့်တိုးပြန်ဖြေပြီးဖြစ်သည်။
"ကောင်းပြီလေ။ ကျွန်တော်သွားမယ်။"

"မင်း..."

ကျန်းရွှင်းယီဘာမှမပြောနိုင်သေးခင် ယွင်ရှဲ့ကလက်ဆန့်ကာ သူ့ခေါင်းကိုပုတ်လာခဲ့သည်။
"အားရွှင်း၊ ဒီကိစ္စကိုကိုယ့်ဆီအပ်ထားလိုက်ပါကွာ၊ ဟုတ်ပြီလား။"

ဆရာတော်ဝူလုဟာလည်းထိတ်လန့်အံ့သြသွားရသည်: ယွင်ရှဲ့ကား စကားပြောဆိုရာ၌ နာမည်ဆိုးနှင့်ကျော်ကြားကာ ဉာဏ်ပညာထက်မြက်လှသည်။ ယွင်ရှဲ့အတွက် ဤကဲ့သို့ပျော်ရွှင်စွာလက်ခံဖို့ရာ ပုံမှန်မဟုတ်ချေ။

ယွင်ရှဲ့ကဖြေးညှင်းစွာပြောသည်။
"ဆရာတော်ဝူလု၊ ခင်ဗျားဘာလို့စကားမပြောတာလဲ။ ခင်ဗျားကအသက်ကြီးပြီဆိုတော့ နားမကြားတော့ဘူးလား။
ဒါဖြင့် ကျွန်တော်ထပ်ပြောပါ့မယ်- ကျွန်တော်သွားမယ်။ ဒါပေမဲ့ ကျွန်တော်နည်းနည်းစိတ်ရှုပ်ထွေးနေမိတယ်။"

သူကား အပြုံးနောက်ကွယ်တွင် ဓားများဝှက်ထားတတ်သောတစ်စုံတစ်ယောက်ဖြစ်ကြောင်း ဆရာတော်ဝူလုသိထားပေမဲ့ သူအနည်းငယ်သတိထားနေသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့်ပြန်ဖြေလိုက်ပါသည်။
"ယွင်ဂိုဏ်းချုပ်ကတော့နောက်နေပြန်ပါပြီ။ မင်းကငယ်ရွယ်ပြီးတော့ မင်းရဲ့ကျင့်စဥ်ကလည်းကမ္ဘာပေါ်မှာထိပ်ဆုံးထဲကတစ်ခုပဲလေ။ ဘာများကြောက်စရာရှိလို့လဲ။"

ယွင်ရှဲ့ကပြန်ဖြေသည်။
"အမ်း၊ ကျွန်တော်တော်မှန်းကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ကျင့်စဥ်ဘယ်လောက်ပဲမြင့်မြင့်၊ ကျွန်တော့်မှာအသက်တစ်သက်ပဲရှိတာလေ။ ဆရာတော်ဝူလု၊ ကျွန်တော်သာဘုရားကျောင်းကနေအသက်ရှင်လျက်ထွက်လာနိုင်ရင် ယန်ရှန်းဂိုဏ်းကိုလည်း ကျွန်တော်အသက်ရှင်လျက်ပြန်သွားနိုင်မယ်လို့ ခင်ဗျားအာမခံနိုင်ရဲ့လား။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now