[၃၁] စူးစမ်းရှာဖွေသူများ။

3.9K 697 30
                                    

#Unicode

အခန်း(၃၁) စူးစမ်းရှာဖွေသူများ

သူတို့နှစ်ယောက်လုံးသည် သေခြင်းတရားကို ရင်ဆိုင်ကာ ပူးပေါင်းတိုက်ခိုက်နေရသည်။ အဲ့ဒါတွေအားလုံးဟာလည်း ဒီအရူးရဲ့ဆွဲချခြင်းကို ခံလိုက်ရတာကြောင့်ပင်။ ဆန့်ကျင်ဘက်တွင်တော့ ကျန်းရွှင်းယီသည် ဘေးတွင်ရပ်နေကာ ဂရုတစ်ချက်မှမစိုက်ပါနှင့် ပွစိပွစိပြောနေပါ၏။-- မင်း အရှက်မရှိလိုက်တာ!

နျဲ့ယန်သည် ဆက်ပြီးသည်းမခံနိုင်တော့သည်ဖြစ်ရာ ဒေါသများ ပေါက်ကွဲထွက်လာသည်။
"ကျွန်တော်က သူ့ကို ရှေ့တည့်တည့်ကနေ ရင်ဆိုင်နေတာလေ။ သူ့နောက်ကျောကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ? တကယ်လို့ ခင်ဗျားလုပ်နိုင်တယ်ဆိုရင် ခင်ဗျားလုပ်လေ!"

ကျန်းရွှင်းယီသည် 'မင်းလုပ်နိုင်ရင်လုပ်'*ဆိုသည့် စာပိုဒ်ကို ဒီမှာမြင်ရမည်ဟုမထင်ထားခဲ့ပေ- ကြည့်ရတာ အဲ့ဒီ့ထေ့ငေါ့ပြောတဲ့မှတ်ချက်စကားက ရှေးခေတ်နဲ့ ခေတ်ပေါ်အချိန်ကာလကြားမှာ ခြားနားမှုမရှိပုံရတယ်။ ကျန်းရွှင်းယီသည် လှောင်ရယ်ရယ်လိုက်သည်။
"ဒါဆိုလည်း အနီးကပ်ကြည့်နေ!"

သူစကားပြောလို့မပြီးသေးခင်မှာပဲ သူ၏ခြေထောက်ကို ဘယ်လိုမ,လိုက်သလဲဆိုတာကို မမြင်လိုက်ရပေ။ သူ၏လူတစ်ကိုယ်လုံးသည် မနက်ခင်းမြူနှင်းတို့၏ ပေါ့ပါးမှုနှင့်အတူ နျဲ့ယန်နှင့် ဝေရှုချီတို့၏အရှေ့တွင် ရောက်နေပြီးဖြစ်ချေ၏။ သူ၏လက်တစ်ဖက်ကို သာမန်ကာလျှံကာ မြှောက်လိုက်သည်နှင့် သူ၏လက်ဝါးအစွန်းသည် ဓားသွားအသွင်ဆောင်ကာ အလောင်း၏နောက်ကျောကို ခုတ်ဖြတ်ဟန်ပြုသည်။ သူပြုံး၏။
"ဒီလိုမျိုးပေါ့။ အောင်မြင်တယ်လေ!"

သူ၏လက်ကို ရုတ်လိုက်တော့ ခုနလေးတင် မနှိုင်းယှဥ်နိုင်လောက်အောင် ခေါင်းမာအလျှော့မပေးပဲ ကြမ်းတမ်းလှသည့်အရှိန်ဖြင့် လှုပ်ရှားနေသော အလောင်းကောင်သည်...အခုချိန်မှာတော့ မြေကြီးပေါ်သို့ ခေါင်းစိုက်သွားလေပြီ။

သူတို့သည် ထိုအလောင်းနှင့် တိုက်ပွဲရှည်ကြာစွာ တိုက်ခိုက်ခဲ့ရာ ၎င်းအား သူတို့မြင်ဖူးသမျှထဲတွင် အန္တရာယ်အကြီးဆုံးနှင့်အရက်စက်ဆုံးဟု ယုံကြည်ထားခဲ့သည့်အရာက...တကယ်တမ်းတွင်တော့ ဒီလိုရယ်ချင်ဖွယ်ရာအမူအရာတစ်ခုကြောင့် ပျက်စီးသွားရသည်။ ဝေရှုချီနှင့် နျဲ့ယန်တွင် ဒါက အိပ်မက်တစ်ခုပါဆိုသည့် တူညီသောအာရုံရှိနေကြသည်မှာ သူတို့၏မိမိကိုယ်မိမိတန်ဖိုးထားခြင်းနှင့် ကမ္ဘာကြီးအပေါ်အမြင်ကို ကပြောင်းကပြောင်းလှန်မှောက်လိုက်သည့်အတိုင်းပင်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now