[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။

2.5K 495 15
                                    

အခန်း(၄၁) ကမ္ဘာကြီး၏ပူဆွေးခြင်း

"ယွင်ဂိုဏ်းချုပ်၊ အားကုန်ခံမနေပါနဲ့တော့။"
ယွင်ရှဲ့ပြောပြီးသည့်နောက်တွင် နောက်ထပ်အသံတစ်ခုထွက်ပေါ်လာသည်။ လူတိုင်းဟာ ထိုလားရာကိုကြည့်မိတော့ တောက်ဓမ္မဝတ်ရုံကိုဝတ်ဆင်ထားသည့်မိန်းမလှလေးက လူအုပ်ကြီးဘက်လျှောက်လာတာကို မြင်လိုက်ကြရသည်။
"မင်းက တိမ်တွေကိုရောက်တဲ့အထိ မြင့်မားတဲ့ပုံစံကို အမြဲတမ်းပြသနေခဲ့တာ။ အဲ့ဒီ့ကိစ္စအတွက် မင်းကိုယ်မင်းစတေးရလောက်တဲ့အထိ သူငယ်ချင်းဆက်ဆံရေးကို အရမ်းကြီးကိုတန်ဖိုးထားနေတာပဲ။ ဒီပုံစံတွေကြောင့် လူတိုင်းက မင်းကို လေးစားနေခဲ့ကြတာ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အခုချိန်မှာတောင်မှ လူထုကိုလိမ်လည်လှည့်ဖြားပြီး ကျော်ကြားမှုကိုရယူထားတဲ့ လူယုတ်မာရဲ့တကယ့်မျက်နှာအစစ်ကို မင်းမသိသေးတာပဲ။ ယွင်ဂိုဏ်းချုပ် ဆက်ပြီးအလိမ်ခံနေရမှာကို ကျွန်မဆက်မကြည့်နေနိုင်တော့ဘူး။ ဒါကြောင့် ဒီနေ့မှာ အညစ်အကြေးတွေကို ကျွန်မတို့ဂိုဏ်းကနေ ရှင်းပစ်တဲ့အနေနဲ့ ဒီသစ္စာဖောက်ကို ထုတ်ပယ်ရလိမ့်မယ်။"

လေလွင့်ကျင့်ကြံသူဇီဟွေ့က ဒီလိုဥပဒေကို လက််ကိုင်ထားပြီး သူ့ကိုအရှက်ခွဲနေတာကိုကြည့်နေရင်းဖြင့် ကျန်းရွှင်းယီဟာ လုံးဝပြောစရာစကားမဲ့သွားရသည်။ ဒီအခြေအနေကြောင့် ဒီကမ္ဘာ၏အကြင်နာတရားမဲ့ပြီးရက်စက်မှုကို သူအခုအလုံးစုံ သတိထားမိသွားရသည်။ စနစ်က လက်တွေ့မှာ အသွင်အမျိုးမျိုးဖြင့် သူ့ကိုပြောဖို့ရန်ကြိုးစားနေသည်: မင်းကိုပေးလိုက်တဲ့တာဝန်ကိုငြင်းပယ်ဖို့မကြိုးစားနဲ့။ ဒီအချိန်မှာ မုဒိမ်းကောင်ဖြစ်လာဖို့ မင်းကြိုးစားပမ်းစားငြင်းပယ်လိုက်ပေမယ့် မင်းကို မုဒိမ်းကောင်အဖြစ် သတ်မှတ်ကြမှာပဲ။ အမှန်ပဲ။ တောင့်ခံနေတာကနေ မင်းဘာအကျိုးကျေးဇူးမှရမှာမဟုတ်ဘူး။ ပြီးတော့လည်း မင်းအဲ့ဒါကနေ ရလာနိုင်တဲ့သာယာမှုကိုတောင် ဆုံးရှုံးသွားလိမ့်မယ်။

မျက်နှာပြင်ပေါ်ရှိ အရှက်မဲ့ပြီးမျက်နှာပြောင်တိုက်ခြင်းက သူ၏ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်သွားခဲ့သည်။
"ဇီဟွေ့၊ ခင်ဗျား ဒါက ဘာကိုဆိုလိုချင်တာလဲ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now