[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။

4K 655 29
                                    

အခန်း(၃၆) အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်(၁)

ဤလုံ့လအားထုတ်မှုကြားထဲတွင်၊ ဓားသွား၏ပြိုးပြိုးပြက်ပြက်အလင်းရောင်ဟာ စုချင်အလံ၏တောက်ပသောအရှိန်အဝါဖြင့် ထိခတ်သွားရသည်။ အရင်က မဲမှောင်နေသော ကောင်းကင်ဟာ ချက်ချင်းပင် နိမိတ်မကောင်းလှသော အနီနက်ရောင်ဖြင့် ဟုန်းဟုန်းတောက်သွားသည်မှာ၊ နတ်ဘုရားများနှင့် ဗုဒ္ဓဘုရားမှာလည်း အကြောက်တရားကို ခံစားရသည့်ပုံပင်။ သိသာထင်ရှားသော လေပြင်းမုန်တိုင်းသည် မြေကြီးပေါ်ကနေ ထွက်ပေါ်လာပုံမှာ အလွန့်အလွန်ပြင်းလှတာကြောင့် လက်ရှိရှိနေသူများမှာလည်း လေကိုဆန့်ကျင်ပြီး ၎င်းတို့၏မျက်လုံးများကို မဖွင့်နိုင်ကြတော့ချေ။ မိုးသက်မုန်တိုင်းကလည်း ချက်ချင်းကို မိုးစက်များရွာချလာပြီး အနီးအနားရှိ ဝါးအိမ်များအား ပြန့်ကျဲနေသော ပြာများအဖြစ်သို့ ကူးပြောင်းသွားစေ၏။

ကျန်းမော့လုံက လျှပ်စီးကဲ့သို့ အရှိန်ဖြင့် အထက်သို့ ပြေးလွှားသွား၏။ သူ့လက်ဟာလည်း အဟန့်အတားများကို ထောက်ကန်ဖို့ရာ ချိပ်စည်းအသွင်ဖြစ်နေ၏။ သူသည် ကျန်းရွှင်းယီကို ဆွဲခေါ်ကာ နောက်ပြန်ဆုတ်လာသည်။

သူတို့နှစ်ယောက်လုံးမှာ ရှောင်တိမ်းရန် အချိန်မည်မျှမှမရှိသေးခင်၊ သူတို့သည် ဝေရှုချီ၏အလန့်တကြားအော်သံကို ရုတ်တရက်ချင်းကြားလိုက်ရသည်။
"ရှစ်တိ!"

ကျန်းရွှင်းယီလှည့်ကြည့်မိတော့ နျဲ့ယန်မှာ ဟန်ချက်မညီ၊ မညာဖြစ်ပြီးတော့ တောင်စောင်းကနေ လျှောကျနေပြီဖြစ်ကာ အောက်သို့ ချော်ကျလုနီးပါးဖြစ်နေလေပြီ။

သူ၏ပြုတ်ကျနေသောပုံရိပ်နှင့် အနီးစပ်ဆုံးတစ်ယောက်အနေဖြင့်၊ ကျန်းရွှင်းယီဟာ သူ့ကို ကယ်တင်ဖို့ရာ ပျံသန်းလိုက်၏။ ကျန်းမော့လုံသည် ဝေရှုချီကို ဆွဲတင်လိုက်ပြီး အန္တရာယ်ကင်းသည့်ဇုန်မှာ အရင်ထားလိုက်ပြီးနောက် အနောက်ကနေ လိုက်လာသည်။

ဒလဟော ကျဆင်းနေသည့်မိုးရေများသည် မြေဆီလွှာကို လျော့ရဲစေကာ ချော်ထွက်စေသည်။ လေပြင်းများဟာလည်း အခါအားလျော်စွာဖြင့် တစ်ဟုန်ထိုးတိုက်ခတ်နေပါ၏။ ကျန်းရွှင်းယီတောင်မှ ရွေ့လျားလိုက်သည်နှင့် ခလုတ်တိုက်မိသွားရသည်။ သူသည် ဝေရှုချီကို ဆွဲဖို့ရန် ရှိရှိသမျှအားအင်အကုန်သုံးကာ ဝေရှုချီအား ဝတ်ရုံကော်လာကနေ ဆွဲလိုက်သည်။ ကျန်းမော့လုံဟာလည်း သူ့ကိုဖမ်းဆွဲဖို့ လုပ်မလို့ပင်၊ ဒါကြောင့် ကျန်းရွှင်းယီမှာ နျဲ့ယန်ကို ကျန်းမော့လုံလက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး အော်လိုက်သည်။
"သွားတော့! ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်နေတာကို ရပ်လိုက်တော့!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now