[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။

2.3K 354 1
                                    

!unicode!

အခန်း(၇၈) မဂ်လာဦးအခန်းထဲမှလူသတ်မှု။

.......

လက်ထပ်ပွဲကား စျာပနအဖြစ်သို့အချိန်မရွေးပြောင်းလဲသွားနိုင်တာကြောင့် မဂ်လာဧည့်ခံပွဲကြီးတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သတို့သားအတွက် သေရည်သောက်ဖို့ရန် မပြောရဲပါပေ၊ သေရည်ကား သေဆုံးခြင်းဖြစ်ပွားစေသဖြင့် တုမိသားစုကလည်းခွင့်မပြုထား။ ဤအကြောင်းပြချက်ကြောင့် ကျန်းရွှင်းယီအလျင်အမြန်ထလာကာ မဂ်လာဦးအခန်းထဲကိုလျှောက်လာခဲ့သည်။

သူသည် ကော်ရစ်ဒါကိုဖြတ်လျှောက်လာခဲ့ပေမဲ့ သူ၏ခြေလှမ်းများမှာပို၍ပင်နှေးကွေးလာချေ၏။ လမ်းကိုဦးဆောင်လာပေးသည့်အစေခံငယ်လေးမှာ ရှက်ရွံ့နေခဲ့ပေမဲ့ ကျန်းရွှင်းယီ၏ပုံစံကိုမြင်လိုက်ရသော် သူလည်းပဲကြောက်နေလိမ့်မည်ဟု ယူဆမိသည်။ ရုတ်တရက်ချင်းပင်သူဒူးထောက်ချကာ ရေနံဆီမီးအိမ်ကိုဘေးသို့ပစ်ထုတ်လိုက်သည်။ ကျန်းရွှင်းယီ၏ဝတ်ရုံအစွန်းကိုဆွဲလိုက်ရင်း သူအော်ဟစ်လိုက်သည်။
"ဒုသခင်လေး၊ အရှေ့ကိုမသွားကြရအောင်ပါ။ ကျွန်-ကျွန်တော်တို့ဘာလို့မပြန်ကြတာလဲ....ကျွန်တော်အရမ်းကြောက်လာပြီဗျ!"

ကျန်းရွှင်းယီခါးကိုင်းကာ မီးအိမ်ကိုပြန်ကောက်ပြီး ယင်းပေါ်ရှိဖုန်များကိုခါထုတ်လိုက်သည်။ သူတည်ငြိမ်စွာပြောလိုက်သည်။
"မင်းလိုက်လာစရာမလိုပါဘူး။ မင်းကြောက်နေတယ်ဆိုမှတော့ မင်းဘာသာမင်းပြန်သွားလိုက်တော့လေ။"

အစေခံငယ်လေးမှာ အော်ဟစ်နေတာရပ်သွားပြီး ကျန်းရွှင်းယီပြောသည်မှာ အစစ်အမှန်ဖြစ်ကြောင်းကို မယုံကြည်နိုင်သည့်နှယ် မိန်းမောလျက်ခေါင်းမော့လာခဲ့သည်။

ကျန်းရွှင်းယီမျက်ခုံးပင့်လိုက်သည်။
"မသွားသေးဘူးလား။ မင်းမသွားဘူးဆိုရင်လဲ ထပြီးငါ့နောက်လိုက်ခဲ့ချေ။"

"ဟင့်အင်း! ဟင့်အင်း! ကျွန်တော်သွားမှာပါ! ဒုသခင်လေး၊ ဂရုစိုက်ပါနော်။"

အစေခံငယ်လေးသည် ပြောပြီးနောက်တွင် ကြမ်းပြင်ပေါ်မှထခုန်ကာ နောက်လှည့်မကြည့်ဘဲ ရူးသွားသည့်နှယ် လွှတ်ခနဲပြေးသွား၏။ ကျန်းရွှင်းယီကထိုနေရာ၌ရပ်ကာ ကြည့်နေသည်။ ကောင်လေးလမ်းကွေ့တော့မည်အပြု၊ သူအသံမြှင့်လိုက်သည်။
"မှားနေပြီ၊ ညာဘက်ကွေ့ရမှာ!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now