[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။

2.9K 448 4
                                    

!Unicode!

အခန်း(၅၃) မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။

-----------

"မြေငလျင်လှုပ်ပြီးနောက် ၇ရက်အကြာမှာ မြို့ထဲက လူတော်တော်များများပျောက်နေတာကို ကျွန်မတို့ရုတ်တရက်သိလိုက်ရတယ်။ သူတို့ဘယ်လိုပျောက်သွားလဲဆိုတာကို ဘယ်သူမှမသိကြဘူး။ ကျွန်မတို့ ဒီကိစ္စကို အလျင်စလို အကြောင်းကြားခဲ့တယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ပျောက်သွားတဲ့လူအားလုံးဟာ သုဘရာဇာ(အလောင်းချုပ်သူ)တွေပဲဖြစ်နေတာကို အစိုးရက ရှာတွေ့သွားတယ်လေ။ လူတွေပဲပျောက်သွားတာမဟုတ်ဘူး။ အပ်လုပ်ဆိုင်က အပ်တွေပါပျောက်သွားခဲ့တာ။ ဒါကအရမ်းထူးဆန်းတယ်။ သူတို့ဘယ်လောက်ပဲစုံစမ်းပါစေ၊ အဖြေကိုဘယ်လိုမှရှာလို့မရဘူး။ အဲ့ဒါကြောင့် သူတို့အရှုံးပေးလိုက်ရုံပဲတတ်နိုင်တော့တယ်။"

"အဲ့ဒီ့အချိန်တုန်းက လူတွေကအရမ်းကြောက်နေကြပေမယ့် သူတို့အလုပ်ဆုံးရှုံးသွားတာကိုတောင် မစိုးရိမ်ကြတော့ဘူး။ တစ်ဖက်မှာလည်း သုဘရာဇာတွေပျောက်ဆုံးသွားခြင်းက တကယ်တမ်းကျတော့ သူတို့တွေကို ပိုကောင်းတဲ့စီးပွားရေးလုပ်ဖို့ဖြစ်လာစေခဲ့တယ်လေ။ ဒါပေမယ့် အဲ့ဒီ့နောက်မှာ တစ်စုံတစ်ယောက်က မြေကြီးထဲမှာမြုပ်နေပြီးသားဖြစ်တဲ့ ရွာဆီကို ပြန်သွားခဲ့တယ်။"

ယွင်ရှဲ့ပြုံးလိုက်သည်။
"သူတို့တကယ်ကြောက်နေကြမှာပဲ။ အဲ့ဒီ့ရွာက ဘယ်သူ့ခန္ဓာကိုယ်ကိုမှ ရှာမတွေ့ဘူးလို့ မင်းပြောခဲ့တယ်နော်။ သက်ရှိလူတွေပါ ပျောက်သွားခဲ့တာပါထည့်တွက်မယ်ဆိုရင် ဘယ်သူကမှ အဲ့ဒီ့ကို သွားရဲမှာမဟုတ်ဘူးလို့ ကိုယ်ထင်တယ်။"

ရိုရိုကပြန်ဖြေသည်။
"လူကြီးတွေက မဝံ့ရဲပေမယ့် လူငယ်တွေကတော့မဟုတ်ဘူးလေ။ သူတို့မိသားစုက သူတို့ကိုမသွားဖို့ပိုတားလေ၊ သူတို့ကပိုပြီးတော့သိချင်လာလေပဲ။ ကျွန်မအစ်ကိုကြီးက သွားခဲ့တဲ့အုပ်စုထဲကတစ်ယောက်အပါအဝင်ပဲ။ ဟိုရွာကိုရောက်ပြီးနောက်၊ အစကတော့ သူတို့က ဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုခုကိုရှာဖို့ပေါ့။ ဖြစ်နိုင်တာက သူတို့ပတ်ပတ်လည်လိုက်ကြည့်ပြီးတော့ အရမ်းသာမန်ဆန်နေသလို ခံစားရပေမယ့် သူတို့နှလုံးတွေကတော့ မငြိမ်သက််နိုင်ဘူး။ သူတို့အရမ်းပျင်းလာတာကြောင့် အပေါက်တစ်ခုတူးပစ်လိုက်တယ်..."

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now