အခန်း(၃၅) စုချင်
သူ့အတွက်တော့ ဒီမိန်းကလေးဟာ တစ်ခြားသူတွေနဲ့ မတူညီကွဲပြားသည်။
အရင်နေ့တွေကိုပြန်ကြည့်မယ်ဆိုရင်၊ ယန်ရှန်းဂိုဏ်းနှင့် ဖုန်မိသားစုကြားမှာ ဆက်ဆံရေးကောင်းကောင်းရှိခဲ့သည်။ အထူးသဖြင့် သူတို့ရဲ့နီးစပ်တဲ့တည်နေရာကြောင့်ပေါ့။ ရလဒ်အနေဖြင့် ယွင်ရှဲ့နှင့် ဖုန်ချိုးဟာ အစောကြီးကတည်းက သိကျွမ်းခဲ့ကြသည်။ ကျန်းရွှင်းယီက ယွင်ရှဲ့ရဲ့အရိပ်အလား ခွဲထုတ်လို့မရတာကို ထောက်ဆလျှင်၊ သူက သဘာဝကျကျ သူမနှင့် ကောင်းစွာရင်းနှီးသည်။ ဒါ့အပြင်၊ သူဟာ သူမအပေါ်တွင် ထူးဆန်းသောခံစားချက်တစ်ချို့ အမြဲရှိနေခဲ့သည်။
ကျန်းရွှင်းယီ ဖုန်ချိုးကို နှစ်သက်မိတာကြောင့် ၊ ဒါမှမဟုတ်၊ တစ်ခြားအကြောင်းကြောင့်လည်းမဟုတ်ချေ။ ဒါပေမယ့် အကြောင်းကတော့ <<ကောင်းကင်ယံက တိမ်လွှာများ>> စာအုပ်၏ တည်ဆောက်မှုက သူ့စိတ်ခံစားချက်တွေကို လွှမ်းခြုံသွားတာဖြစ်သည်: ဖုန်ချိုး၊ ဖုန်မိသားစုခေါင်ဖုန်ရွှယ်ရဲ့အကြီးဆုံးသမီး၊ သူမက ယွင်ရှဲ့ကို ငယ်စဥ်ကတည်းက တစ်ဖက်သတ်ချစ်ခဲ့တာဖြစ်သည်။ ကျန်းရွှင်းယီချစ်ခဲ့သော မိန်းကလေးဟာလည်း သူမတစ်ယောက်သာဖြစ်သည်။ နောက်တော့ သူမက ကျန်းရွှင်းယီ၏ကောက်ကျစ်တဲ့အကြံအစည်ကိုဖြတ်ကာ အရှက်ခွဲခံခဲ့ရပြီး ယွင်ရှဲ့ကို ကယ်ဖို့အတွက်နှင့် သူမကိုယ်သူမ ယစ်ပူဇော်ခဲ့ခြင်းဖြင့် အဆုံးသတ်သွားရသည်။ သူမဟာ အဓိကဇာတ်ဆောင်၏နှလုံးသားထဲတွင် ထာဝရ လရောင်ဖြစ်လာခဲ့ပြီး ကျိန်ဆိုထားတဲ့ညီအစ်ကိုနှစ်ယောက်ကြားက ထွက်လာနိုင်ခြင်း၏နောက်ကွယ်က အကြောင်းပြချက်သေးသေးလေးတွေထဲက တစ်ခုဖြစ်လာခဲ့သည်။
ကျန်းရွှင်းယီသည် ဝတ္ထုထဲမှာ ဖော်ပြထားသလိုမျိုး၊ အချစ်ရူးရူးပြီး ချစ်စိတ်မွှန်မနေသော်လည်း၊ သူမကို မြင်လိုက်ရတိုင်း အမှုမဲ့အမှတ်မဲ့ဖြင့် သူမကို ကောင်းကောင်းဆက်ဆံချင်မိသည်။ ဒါက 'ကံကြမ္မာက တားမြစ်ထားသော ဆက်နွယ်မှု'လို့ခေါ်သောအရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကံမကောင်းစွာနဲ့၊ တစ်ဖက်က မတရားပြုကျင့်တယ်ဆိုတဲ့ ကြောက်မက်ဖွယ်ကိစ္စရပ်ကတော့ စနစ်က သူ့ကိုပေးအပ်လာတဲ့တာဝန်တစ်ခုဖြစ်နေသည်။ ကျန်းရွှင်းယီသည် ထိုအိုင်ဒီယာကို တောင့်ခံနေခဲ့ပေမယ့် အမည်မသိအကြောင်းပြချက်တစ်ချို့ကြောင့် ဇာတ်ကြောင်းဟာ ဒီအခြေအနေအထိ ရောက်လာခဲ့သည်။
STAI LEGGENDO
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AvventuraAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...