|Unicode|
အခန်း(၄၅) ပြန်လည်စတင်ခြင်း။
ယခင်တုန်းက ဆရာသခင်ဟောတိန်သည် အချိန်ကာလနှင့်နေရာဒေသအား ထိုးဖောက်၍ သူတို့နှစ်ယောက်ကိုခေါ်ဆောင်လာခဲ့၏။ သူတို့ပြန်လည်စစ်ဆေးကြည့်လိုက်တော့ သူတို့နှစ်ယောက်၏တည်နေရာကိုကြည့်ရတာ သေခြင်းတရားအငွေ့အသက်နှင့်အလောင်းများပြည့်နှက်နေသော ရွာငယ်လေးနှင့်သိပ်မဝေးချေ။ မကြာခင်မှာ ထိုနေရာကို သူတို့ရောက်သွားပေလိမ့်မည်။
"သွားကြမယ်။"
ကျန်းရွှင်းယီတစ်ယောက် အရှေ့ဖက်ကို ဦးဆောင်မသွားခင်ပြောလိုက်၏။ယွင်ရှဲ့ကသူ့ကိုပြန်ဆွဲလိုက်ကာ ပြုံးပြလာသည်။
"ကိုယ်တို့အနောက်မြောက်ဖက်ကိုသွားသင့်တယ်။""......"
ဒီအချိန်၌ အနီးအနားတွင် ကျယ်လောင်သောဆူညံသံတစ်ခုထွက်ပေါ်လာ၍ သစ်ကိုင်းနှင့် ကျောက်တုံးများကလည်း သူတို့ဆီကို ပရမ်းပတာပျံ့လွင့်လာသည်။ ယွင်ရှဲ့ဟာ ကျန်းရွှင်းယီကိုချက်ချင်း ကာလိုက်ပြီး ကျောက်တုံးကျောက်ခဲတွေကို သူ၏ဝတ်ရုံလက်တစ်ချက်ခါရုံဖြင့် ဘေးကိုလမ်းလွဲသွားစေသည်။ သူသည် သစ်ပင်ကြီးနောက်တွင် ပုန်းကွယ်ရင်း အသံလာရာနေရာဆီကို ကြည့်လိုက်၏။ သူ၏မျက်နှာပေါ်ရှိသတိနိုးကြားနေမှုဟာ အံ့သြမှုအဖြစ်သို့ပြောင်းလဲသွားရသည်။
"ကျန်းမော့လုံ?"
ထိုနေရာတွင် မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုရှိနေကာ လေထုသည် သက်တန့်ရောင်အရှိန်အဝါတွေဖြင့်ပြည့်နှက်နေ၏။ အပြာရောင်ဝတ်ရုံဖြင့်ပုံရိပ်သည် လျှပ်စီးမိုးကြိုးကဲ့သို့ပင် ကောင်းကင်ယံထဲမှ အပြေးအလွှားထွက်လာကာ သူတို့နှင့်ခြေလှမ်းအနည်းငယ်သာကွာဝေးသော နေရာတစ်ခုတွင်ရပ်တန့်သွား၏။ ရုတ်ခြည်းပင်၊ လေထုထဲ၌ ဆူညံသံတစ်ခုဖြစ်ပေါ်လာကာ အနက်ရောင်ဓားသွားများထဲမှ အလင်းတန်းခွဲများမှာ ၎င်းတို့၏မူလပုံသဏ္ဍာန်အဖြစ်သို့ ငွေ့ရည်ဖွဲ့သွားကြသည်။ ဒီအံ့သြဖွယ်လှုပ်ရှားမှုတိုက်ကွက်ကား မည်သူဆီကမျှမဟုတ်ပဲ၊ ကျန်းမိုလုံဆီမှလာတာဖြစ်သည်။
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...