[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။

2.3K 503 8
                                    

!Unicode!

အခန်း(၅၉) ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။

----

အော်သံကား ယွင်ရှဲ့ကိုစကားပြောခဲ့သည့်မိန်းကလေးထံမှလာတာဖြစ်သည်၊ သို့ပေသိ အခုနကအသံချိုချိုသာသာလေးဟာ ယခု၌မူ သားရဲတိရစ္ဆာန်တစ်မျိုးမျိုးနှင့်တူလှသည်။ လူအုပ်ကြီး၏အကြည့်မှာ တစ်စုတစ်ဝေးတည်းရွေ့လျားသွားကြပြီး သူတို့မြင်လိုက်ရသည်ကတော့ သူမသည် လျင်မြန်စွာယိမ်းထိုးနေလေကာ သူမ၏အဝတ်အစားဟာလည်း စုတ်ပြတ်သတ်နေပြီး သူမ၏အရေပြားခပ်ပါးပါးအောက်မှ သွေးကြောများခုန်နေပုံမှာ ပိုမို၍မြင်သာလာတော့သည်၊ ရုတ်ခြည်းမတိုင်မီအထိ လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်၌....

သူမခန္ဓာကိုယ်မှာ ရုတ်တရက်ချင်းပင် ပေါက်ကွဲထွက်သွားတော့၏!

ကျန်းရွှင်းယီသူ့နှလုံးခုန်သံကိုခံစားမိသည်၊ ဤတဒဂ်၌ စာအုပ်ထဲမှထပ်တူညီသည့်အဖြစ်အပျက်ကို သူရုတ်ခြည်းမှတ်မိသွားရသည်။ မြင်ကွင်း၏တည်နေရာကား ကွဲပြားခြားနားသည့်တိုင်၊ ဤအခြေအနေ၌ ဘာလုပ်ရမည်ဆိုတာကို ခန့်မှန်းချက်တစ်ချို့ချဖို့ရာ သူ့အတွက်လုံလောက်လေသည်။ သူချက်ချင်းပင် ယွင်ရှဲ့၏လက်မောင်းကိုကိုင်ကာ သူ့ဖက်ကိုဆွဲလိုက်သည်။

ယွင်ရှဲ့ကြောင်အသွားရသည်။ "အားရွှင်း?"

ဤအချိန်၌ ကြောက်လန့်တကြားအော်ဟစ်သံတွေဟာ တစ်ယောက်ပြီးတစ်ယောက်ထံမှထွက်ပေါ်လာသည်။ လူအများစုသည်ကား တက်ကြွစွာဖြင့် ထိုသို့ထပ်တူညီသည့်အခြေအနေအတိုင်း ခံစားနေကြရကုန်၏။ ကျန်းရွှင်းယီနားမကြားချင်ယောင်ဆောင်ကာ ယွင်ရှဲ့နားနားကပ်ပြောလိုက်သည်။
"အဲ့မိန်းကလေးက မင်းနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဒီလိုဖြစ်သွားခဲ့တယ်။ ဒီဖြစ်ရပ်က မင်းနဲ့ဆက်စပ်နေတာလား။"

သူ၏အသက်ရှုငွေ့ဟာ အေးစက်မှုန်ဝါးနေပြီး တစ်ဖက်လူ၏မျက်နှာပေါ်ရှုထုတ်လိုက်သည့်အခါ၊ ထိုသူအား မိန်းမောတွေဝေနစ်မြောစေသည်အထိ ဖြစ်စေနိုင်လေသည်။ သို့ပေသိ၊ သူ၏လေသံကား အလွန်အမင်းလေးနက်နေပေသည်။ ယွင်ရှဲ့အေးခဲသွားရကာ မိန်းမောနေပြီးနောက် ပြန်ဖြေလိုက်သည်။
"ငါလား? မင်းဘာလို့ဒီလိုတွေးနိုင်..."

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now