!unicode!
အခန်း(၆၁) အန္တရာယ်ကိုရှာဖွေခြင်း။
....
အရာဝတ္ထုသည်ကား သေးငယ်ကာ ရှီးဆွေ့ကျောက်စိမ်းမှ လှီးဖြတ်ထားသော အပိုင်းအစငယ်လေးတစ်ခုသာဖြစ်သည်။ ၎င်းသည် အမည်းရောင်အဝတ်စတစ်စဖြင့် မြဲမြံစွာထုတ်ပိုးထားကာ ရွှေရောင်အလင်းဖျော့ဖျော့ထုတ်လွှတ်နေသည်။ အခုနက ရိုရိုထိုပစ္စည်းကို ခေါက်လိုက်တုန်းကတောင် အဝတ်စဖြင့်ရစ်ပတ်ထားဆဲဖြစ်သည်။
၎င်းအဝတ်စသည် ယန်ရှန်းဘုရားကျောင်း၏တည်ထောင်သူဖြစ်သူ ကောင်းကင်ဘုံသို့ကြွလှမ်းစံမြန်းသွားစဥ်၌ ဝတ်ဆင်ခဲ့သော ဝတ်ရုံ၏အပိုင်းအစဖြစ်မှန်း ကျန်းရွှင်းယီသိသည်။ ရှီးဆွေ့ကျောက်စိမ်းသည်ကား ယင်နှင့်မိစ္ဆာပစ္စည်းတစ်ခုဖြစ်၏။ ဤကဲ့သို့အထိန်းအကွပ်မပါဘူးဆိုလျှင်၊ ရိုရို၏စိတ်ဝိညာဥ်တောင်မှ ဝါးမျိုခြင်းခံလိုက်ရပေမည်။
ရိုရိုကတီးတိုးပြောလာသည်။
"ကျွန်မအစ်ကိုက အပြင်စည်းတပည့်ဖြစ်ပေမဲ့လို့ သူကတောင်ပေါ်တက်ဖို့အခွင့်ရေးရခဲ့တယ်၊ ဒီအပိုင်းအစလေးအတွက်နဲ့ သူ့အသက်ကိုစွန့်စားခဲ့တယ်။ အလှည့်အပြောင်းများစွာကြုံရပြီးတဲ့နောက်မှာ သူဒါလေးကိုအိမ်ကိုပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဘယ်တော့မှပြန်မလာတော့ဘူးလေ။"ကျန်းရွှင်းယီမျက်မှောင်ကြုတ်လိုက်မိကာ ကျောက်စိမ်းကိုသည်းကြီးမဲကြီးသွားမကြည့်ပေ။ ထိုအစား သူဟာ လက်ကိုင်ပုဝါသုံးပြီး ကိုင်ကြည့်လိုက်သည်။ သူယူပြီးသည်နှင့် ရိုရိုမျက်ရည်ကျမနေမှန်း သူသတိထားမိလိုက်သည်။
ရိုရိုသည်ခေါင်းမော့ကာ လေးလေးနက်နက်ပြောသည်။
"ကျွန်မက ခွန်အားနည်းတယ်။ ကျွန်မ ဗြောင်းဆန်အောင်မလုပ်ချင်သလို ရှင်နဲ့လဲပြဿနာမဖြစ်ချင်ဘူး။ ကျွန်မအစ်ကို...ဆုံးပါးသွားပြီးနောက်မှာ ကျွန်မမိဘတွေမှာ ကျွန်မတစ်ယောက်ထဲ ရှိတော့တယ်။ ကျွန်မမသေချင်ပေမဲ့ ကျွန်မလုပ်နိုင်တာမှန်သမျှလုပ်ကြည့်ချင်တယ်။ ရလဒ်ကဘယ်လိုပဲဖြစ်ဖြစ် သူ့ဝိညာဥ်ကိုတော့ ကောင်းကင်ဘုံရောက်သွားအောင်လုပ်ပေးနိုင်တယ်လေ။"
YOU ARE READING
[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်
AdventureAuthor: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is just a fan translation. I have a permission from E'translator. All credits to Original Authors & E'tran...