(2)

793 80 5
                                    

Zawgyi

"ကိုကို ဒီနေ့ အက လေ့ကျင့်မှာမလား သွားမယ်လေ ဘာတွေစဉ်းစားနေတာလဲ"

"ကိုကို လုပ်လိုက်ရင်ကောင်းမလား စဉ်းစားနေတာ"

"ဘာကိုလဲ We got Married လား ကိုကို အဲ့တာက အရမ်းအထိခိုက်များမယ်ထင်တယ် ကိုကို့ Fan တွေက လက်ခံပေးမှာမဟုတ်ဘူး ကျွန်တျောလည်း လက်မခံစေချင်ဘူး "

တကယ် ကျွန်တျောလကျမခံစခေငျြဘူး
ကိုကို...
မနေ့ကတစ်ခါတည်း  ငြင်းအောင် ပြောခဲ့သင့်တာကို ဒီဟာကြောင့်
ကိုကိုရဲ့အောင်မြင်မှုကို လောင်းကြေးထပ်ရလိမ့်မယ် ဟူး...

"ကိုကိုက ဒီတိုင်း စဉ်းစားတုန်းပါ ဆယ်ဟွန်း ကို ပြောကြည့်တာပါ ကိုကို မဆုံးဖြတ်သေးပါဘူး ပြီးတော့ ကိုကို့ရဲ့ Fan စစ်တယ်ဆိုရင် သူတို့လက်ခံပေးမှာပေါ့ အရည်အချင်းစစ်လိုက်ရမလားဟင် "

သေချာပြီ ဒီလောက်ဆို ကျိန်းသေပေါက်လုပ်တော့မယ်ဆိုတာ ရင်မောတယ် ကိုကိုရဲ့

"အင်းပါ သေချာစဉ်းစားပေါ့ ကျွန်တျောကတော့ ကိုကို့သဘောအတိုင်းပါပဲ ကန့်ကွက်စရာမရှိပေမယ့် သေချာစဉ်းစားစေချင်တယ် "

ကိုကိုတကယ် လုပ်ကြည့်ချင်တယ် ဆယ်ဟွန်းနီ ကိုကို့အောင်မြင်မှုကို ချစ်တာမဟုတ်ဘဲ ကိုကို့ကိုချစ်တာမျိုးလိုချင်တယ် ဆယ်ဟွန်းနီ ကိုကိုသိတယ် ကိုကိုတို့နိုင်ငံက LGBT  ကန့်ကွက်နေတာမဟုတ်သလို လက်ခံနေတာလည်းမဟုတ်ဘူးလေ ဒီဟာက စိန်ခေါ်မှုတစ်ခုပဲ ရိုက်ချက်ပြင်းတယ် အကုန်လုံးလည်း ဆုံးရှုံးရနိုင်တယ် ဒါပေမယ့် ကိုကိုဒီစာမေးပွဲကို စစ်ချင်တယ်

"အင်းပေါ့ ကိုကိုသေချာစဉ်းစားမှာပါ ဆယ်ဟွန်းနီ စိတ်မပူနဲ့နော် ...
သွားရအောင် ကိုကိုတို့အကလေ့ကျင့်ရမယ်လေ #

"အင်း သွားမယ် အဝတ်အစားအရင်သွားလဲ ဒါကြီးနဲ့လိုက်မို့လား တီရှပ်အပွကြီးကို ရှော့ပင်တိုကြီးနဲ့ ကြည့်ရဆိုးတာကို "

"ကြည့်ရမဆိုးပါဘူး ကိုကိုကချောတယ်လေ ဟား......... "

"မလဲဘူးဆိုရင်လည်း သွားမယ် အချိန်တွေပုပ်ကုန်လိမ့်မယ် "

"ဆယ်ဟွန်းက အဘိုးကြီးကျနေတာပဲကွာ ပွစိပွစိနဲ့ စကားပြောတာကအစ အဘိုးကြီးဆိုဒ်နဲ့ "

Simple MarriageWhere stories live. Discover now