Unicode
အချိန်နှစ်ရက်သာကျန်တော့သည် ဟန်းနီးမွန်းအပြင် ဓာတ်ပုံရိုက်ကူးရေးပါ တစ်ခါတည်းလုပ်ရသည်မို့ ပင်ပန်းရသည် အခုလည်း နှစ်ယောက်သား ပင်လယ်ကမ်းခြေအစပ်မှာ ရိုက်ကူးရေးကြောင့် ငါးဖမ်းနေကြသည် ငါးကတော့ ကံမကောင်းစွာပင် ဘတ်ခ်ဟျွန်းသာလျှင် တစ်ကောင်ဖမ်းမိသည် ချန်းယောလ် ငါးမဖမ်းမိလို့ စိတ်အခြေအနေမကောင်းပေမယ့် ဘတ်ခ်ဟျွန်းဖမ်းမိသည်မို့ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည် ပြီးနောက် ရေကူးကန်သို့သွားကာ ဓာတ်ပုံရိုက်ကူးမည်ဖြစ်သည်
"ပခုံးပေါ် လက်တင်လိုက်ပါ "
ချန်းယောလ် ဘတ်ခ်ဟျွန်းပခုံးထက် လက်တင်ထားလိုက်သည် ကင်မရာမန်းပြောသလိုပင် ပို့စ်အမျိုးမျိုးရိုက်ယူကြသည်
ထို့နောက် ချန်းယောလ်က အင်္ကျီလက်ပြတ်ဝတ်ထားပြီး ဘတ်ခ်ဟျွန်းက အင်္ကျီလက်ရှည်ဝတ်ထားသည် ဘောင်းဘီတိုဆင်တူဖြင့် နှစ်ယောက်သားယှဥ်တွဲပြေးကာ ရေကူးကန်အတွင်း တစ်ပတ်လည်ကာခုန်ချလိုက်သည် ရေထဲရောက်သော် ခွေးလေးတွေလိုမျိုး ခေါင်းလေးပဲဖော်ပြီး ဘတ်ခ်ဟျွန်းကရေကူးသည်ရေကူးကန်ထဲမှာလည်း ဓာတ်ပုံအများအပြားရိုက်ကူးခဲ့သည် ရေကူးကန်အတွင်းတွင်လည်း ရေစိုခံကင်မရာနဲ့ video အနည်းငယ်လည်းရိုက်ကူးထားသည် သေချာသည်က Moments အဖြစ်ထွက်ရှိလာဦးမည်သာ
"ဓာတ်ပုံရိုက်ကူးရေး ပြီးပါပြီ "
"ကျေးဇူးတင်ပါတယ် "
"ကျေးဇူးတင်ပါတယ် "ရိုက်ကူးရေးအတွက် ပြီးပြီမို့ ရေကူးကန်အတွင်း ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်းသာ ကျန်ရှိနေခဲ့သည် ထိုအခါမှာတော့ တစ်နေကုန်မထိတွေ့ရသေးသော ဘတ်ခ်ဟျွန်းအနားသို့ ချန်းယောလ်တိုးကပ်သွားကာ ရေအောက်မှလက်တို့ကို ခါးသွယ်သွယ်ထက် ရစ်ပတ်လိုက်သည်
"ချန်းယောလ်လီ... "
သူဖက်လိုက်တော့ လန့်သွားကာ ခေါင်းစောင်း၍လှည့်ကြည့်လာသည် ပြီးနောက် အနီးအနားမှာလူရှိမရှိကြည့်ကာ သူ့ဘက်ကိုလှည့်လာသည် လက်တို့ကလည်း နေရာတကျပင် ချန်းယောလ်ပခုံးတို့ထက် နေရာယူလာသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...