Zawgyi
"ဟယ်လို ဘတ်ခ်ဟျွန်းနီ "
"အစ်ကိုမင်ဆော့ ကျွန်တော်စဉ်းစားပြီးပြီ
ကျွန်တော်....
ကျွန်တော်လက်မခံဘူး အစ်ကိုမင်ဆော့""ဘာကိုလဲ ဘတ်ခ်ဟျွန်းနီ အစ်ကို့ကိုသေချာပြောပြ"
"ကျွန်တော်လက်မခံဘူး ကျွန်တော့် Fan တွေ အဲ့လိုခံစားနေရမှာကို ... သူတို့ခံစားနေရတာတွေကို ဖျောက်ဖျက်ပေးချင်တယ် အစ်ကို"
"အော်...ဘတ်ခ်ဟျွန်း နောက်ဆုံးတော့ မင်းဆုံးဖြတ်ချက်ချလိုက်ပြီပဲ အစ်ကိုဝမ်းသာပါတယ် ပျော်ရွှင်မှာပါ မင်းရဲ့Fanလေးတွေ "
"ဟုတ် အဲဒါဆို ဒါပဲ အစ်ကို
ကျွန်တော် အစ်ကို့ကို သိစေချင်လို့ လှမ်းပြောတာ ပြီးတော့... ကျေးဇူးပဲ အစ်ကို
ကျွန်တော်ပြီးမှပြန်ဆက်လိုက်မယ် အပြင်သွားလိုက်ဦးမယ် Kai က လှမ်းခေါ်ထားလို့ ""အေးပါ ဖုန်းချလိုက်ပြီနော် ဘတ်ခ်ဟျွန်း"
"ဘာတဲ့လဲ အစ်ကို... ဘတ်ခ်ဟျွန်းက"
"အော်...ဟိုနေ့ကငါပြောတဲ့ကိစ္စလေ ဘတ်ခ်ဟျွန်းက လက်ခံလိုက်မယ်ဆိုပြီး လှမ်းပြောတာ "
"သူတကယ် ဆုံးဖြတ်ချက်ချလိုက်ပြီပဲ
အစ်ကို သူအဆင်ပြေမှာပါနော်...""သူအဆင်ပြေမှာပါ ဂျုံဒယ်ရဲ့ သူ့အတွက်က သူ့Fanတွေက အရေးကြီးဆုံးပဲမို့ပေါ့ "
"ဟုတ်မှာပါ အစ်ကိုအပြင်သွားရအောင်"
"အေး သွားရအောင် ငါပျင်းနေပြီ...ဟီး...ဟီး..."
"သွားရအောင် အစ်ကို"
____________<______________<____________
Shopping ထွက်မယ်ဆိုပြီး လှမ်းခေါ်လို့သာ ထွက်လာရတယ် လူကအပြင်ထွက်ချင်တာ မဟုတ်ဘူး မထွက်လို့ကလည်းမရ မဟုတ်ရင် ညီလေးတစ်ယောက်ရှိတာကိုအလိုမလိုက်ဘူးဆိုပြီး အိမ်ကမားမားဆီတိုင်ပြောသေး အိမ်ကမားမားကလည်း သူ့တူစကားတစ်ခွန်းပဲ သူ့သားကကိုယ်ဆိုတာကော သတိရရဲ့လားမသိဘူး ဟွန့်... ရစ်ချက်ကလည်းလက်လန်တယ် သူ့လိုရစ်ပုံနဲ့ဆို တစ်လလောက်နဲ့မပြီးသေး တစ်ခုခုဆို ကိုယ်မလိုက်တဲ့ကိစ္စနဲ့ကိုင်ပေါက်တတ်တာ... ဒီညီလေးတစ်ယောက်ရှိလို့သာပေါ့ နှစ်ယောက်သာဆို မလွယ်ဘူး အခုလည်း Mask တပ် ဦးထုပ်ဆောင်းပြီး ရစ်စိန်တစ်ယောက်ကို
ဟိုရှာဒီရှာလုပ် အတွေးများရင်း လျှောက်နေမိတယ်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...