(45)

328 40 2
                                    

Unicode

တစ်နေကုန်ရိုက်ကူးရေးလုပ်နေရပြီး ညပိုင်းလည်း ထိုနည်းတူစွာပင်ဖြစ်သည်
Liar ဂိမ်းကစားပြီး M-Cashတွေနဲ့ နေရာခွဲချိန်တွင် ထယ်မင်း roommate
ရွေးပေးသလို ဘတ်ခ်ဟျွန်းကထယ်ယုံးနဲ့ တစ်ခန်းထဲကျသည် ဘတ်ခ်ဟျွန်း ကလေးတွေအလစ်မှာခိုးထွက်ပြီး အနည်းငယ်မှောင်သည့်သစ်ပင်နားမှာ ချန်းယောလ်ကိုဖုန်းဆက်ခေါ်လိုက်သည်

'ချန်းယောလ်လီ ဘယ်မှာလဲ '

"ကိုယ်ဒီမှာ "

ဘတ်ခ်ဟျွန်း သူ့ခါးထက်ဖက်တွယ်လာတဲ့ လက်ပိုင်ရှင်ကို လှည့်ကြည့်ရန်ပြင်လိုက်သည် သို့သော်လည်း ချန်းယောလ်ကအလှည့်မခံပဲ ဘတ်ခ်ဟျွန်းကို ခပ်တင်းတင်းဖက်ကာ လည်ပင်းသားတွေကိုလည်း ဖိကပ်နမ်းရှူံ့နေသည် ချန်းယောလ် လွမ်းနေရတာ... မြင်နေရတာတောင် တင်းတိမ်မှုမရှိပဲ ဖက်တွယ်ချင်မှုတွေ နမ်းရှိူက်ချင်မှုတွေဖြစ်ပေါ်နေသည်

"ကိုယ်နဲ့လိုက်ခဲ့ "

ချန်းယောလ် campsite မှာ အိပ်ခန်းတစ်ခန်းယူထားသည် ဟိုတယ်မဟုတ်ပေမယ့်လည်း ကောင်းကောင်းနေလို့ရသည် အရမ်းအကျယ်ကြီးမဟုတ်ပေမယ့် camping ထွက်လာသူတိုင်းအတွက်တော့ အဆင်အပြေဆုံးပင်ဖြစ်သည် ချန်းယောလ် ဘတ်ခ်ဟျွန်းကို အထဲသို့ဆွဲခေါ်လိုက်ပြီး တံခါးကိုတစ်ခါတည်းပိတ်လိုက်သည် တစ်နေကုန်လွမ်းနေခဲ့ရတာမလို့ ချန်းယောလ်ထိန်းချုပ်မနေတော့ပဲ ဘတ်ခ်ဟျွန်းပါးနှစ်ဖက်ကိုထိကိုင်ကာ စိုရဲနေတဲ့နှုတ်ခမ်းပါးလေးကို စုပ်ယူနမ်းရှိူက်လိုက်သည် ဘတ်ခ်ဟျွန်းသည်လည်း လွမ်းနေရသည်မို့ ချန်းယောလ်ခါးထက်လက်တို့နေရာချကာ ပြင်းပြသောအနမ်းတို့ကို ပြန်လည်တုံ့ပြန်နေမိသည်

ချန်းယောလ် ဝင်ခွင့်တောင်းလာသည်နှင့် ဘတ်ခ်ဟျွန်းပါးစပ်ဖွင့်ပေးလိုက်ပြီး လျှာဖျားအချင်းချင်း ရစ်ထွေးပစ်သည် အနမ်းတွေပြင်းထန်လာသည်နှင့်အမျှ ဘတ်ခ်ဟျွန်းကိုယ်က အိပ်ရာထက်ရောက်နေသလို ချန်းယောလ်ကလည်း ဘတ်ခ်ဟျွန်းကိုယ်ထက် နေရာယူထားသည် အနမ်း၌နစ်ဝင်နေကြပြီး  ခံတွင်းအနှံ့လှည့်လည်နေတဲ့ ချန်းယောလ်လျှာဖျားက ဘတ်ခ်ဟျွန်းလျှာဖျားရဲရဲလေးကိုပင် အလွတ်မပေးပဲ စုပ်ယူနေသည် တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းပြပြနမ်းရှိူက်နေသော်လည်း ဘတ်ခ်ဟျွန်းအသက်ရှူမဝမည်စိုး၍ ချန်းယောလ်လွှတ်ပေးလိုက်သည်

Simple MarriageWhere stories live. Discover now