(37)

316 38 0
                                    

Unicode

မင်ဆော့အမေးကို ဆယ်ဟွန်းပြန်မေးတော့ ချန်းယောလ်အဖြေကဟုတ်သည်တဲ့ ဆယ်ဟွန်းကော မင်ဆော့ကော ဘာမှမပြောပေမယ့် ကြားထဲတစ်ခုခုလွဲနေသည်ကိုတော့ သိကြသည် သို့သော်လည်း မင်ဆော့ ဘတ်ခ်ဟျွန်းကို အမှန်အတိုင်းပဲပြောပြကာ ချန်းယောလ်ကဟုတ်ကြောင်းပြောသည်ဟု ပြန်ပြောပြထားသည် မျှော်လင့်ထားပေမယ့်လည်း သိထားပြီးသားကိစ္စကို နောက်တစ်ခေါက်ပြန်ကြားတော့ မျက်နှာလေးကညှိုးကျသွားသည်
အခန်းထဲ တစ်ယောက်တည်း နေချင်ပါသည်ဆိုသောကြောင့် ထိုနေ့က မင်ဆော့အပြင်ဘက်ထွက်လာခဲ့သည် ညနေပိုင်းမှာတော့ ဘာမှမပြောပဲ ဆေးရုံဇွတ်ဆင်းကာ ပြန်ဖို့လုပ်သည်မို့ မင်ဆော့သာလျှင် မိဘအိမ်အထိ လိုက်ပို့ပေးရသည်

ချန်းယောလ် ကားပါကင်မှာ ဘတ်ခ်ဟျွန်းဆင်းအလာကိုစောင့်နေသည် ဆယ်ဟွန်းပြောတာတော့ ဒီနေ့တစ်ယောက်တည်းလာသည်တဲ့ နဂိုကလည်း တစ်ယောက်တည်း လာနေကျဆိုပေမယ့် ကိုယ်နဲ့တွဲဖြစ်ကတည်းက ကိုယ်တိုင်အကြိုအပို့အမြဲမလုပ်နိုင်ရင်တောင် မန်နေဂျာနဲ့အတူပြန်ဖို့ပြောထားခဲ့သည် အခုတော့ ဒီကောင်လေး စိတ်အခြေအနေမကောင်းလို့ မတတ်သာပဲလွှတ်ထားရသည် ဒီနေ့ဆို ဖုန်းတစ်ချက်မဆက် စကားမပြောခဲ့တာ တစ်ပတ်ပြည့်ပြီပင် မတွေ့ရမနေနိုင်တော့ နေ့တိုင်းချောင်းရသည် ကုမ္ပဏီမှာလည်း အားရင်အားသလို ဘတ်ခ်ဟျွန်းကို ပြေးချောင်းရတာအလုပ်တစ်လုပ်ပင်

အနီရောင်စပို့ရှပ်လက်ရှည်လေးကို ဝတ်ထားပြီး တည့်ပွအဖြူရောင်လေးနဲ့ ဘတ်ခ်ဟျွန်း တွဲဝတ်ထားသည် စာမလာသလို အရိပ်အယောင်ပင်မမြင်ရသည့်ချန်းယောလ် သူ့နောက်လိုက်နေသည်ကို ဘတ်ခ်ဟျွန်း သိသည် သူ့နောက်လိုက်နေတာ ဘတ်ခ်ဟျွန်း သုံးရက်လောက်ကြာမှသိရသည် တစ်ခါတစ်လေ ဆိုင်တစ်ဆိုင်ထဲမှာရှိနေတဲ့သူ့ကို အပြင်မှာကားရပ်ပြီးစောင့်နေတတ်သည် အမြဲတမ်းမတွေ့ရတော့ အသံလေးဖြစ်ဖြစ်ကြားချင်သော်လည်း သူ့ဆီကိုဖုန်းမဆက်ပေ အခုတော့ တစ်ယောက်နဲ့တစ်ယောက် ခိုးချောင်းနေရသည်မို့ ဘတ်ခ်ဟျွန်းစိတ်မရှည်ဖြစ်ကာ
ဒီညတော့ ချန်းယောလ်ကိုပြန်မလွှတ်ဘူးဟု စိတ်ကူးထားသည် တစ်ဆက်တည်း ဘာတွေကသူတို့ကြားမှာ မှားယွင်းနေလဲ အရင်ဆုံးဆွေးနွေးကြည့်ရမည်ပင်

Simple MarriageWhere stories live. Discover now