(19)

294 38 2
                                    

Unicode

"ဂုဏ်ယူပါတယ် ချန်းယောလ် "

အံ့သြမှုကြောင့် ချန်းယောလ်ရဲ့ ပြူးကျယ်နေသည့်မျက်လုံးဝိုင်းတို့ကို ရီရှင်းကြည့်ရင်း အားပါးတရ ရယ်မောမိသည်

"ဟား...ဟား... ဘာလို့အဲ့လောက်အံ့သြနေတာလဲ မင်းအစ်ကိုဟုတ်ပါတယ်ကွ "

"ဘယ်လိုရောက်လာတာလဲ မအားဘူးထင်နေတာ ပြီးတော့ တရုတ်ကနေတန်းလာတာလား "

"အေး မင်းညီကိုမနိုင်ဘူးလေကွာ "

ရီရှင်း သူ့ဘေးနားမှာရပ်နေသည့် ဆယ်ဟွန်းကို မေးငေါ့ပြရင်း ဆိုလာသည်

"အာ...ကိုကိုရှင်း ဘာလို့လဲ ကျွန်တော်ကကောင်းစေချင်လို့ကို အစ်ကိုနဲ့မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ အဲ့တော့ တစ်ချက်ခုတ်သုံးချက်ပြတ်ဖြစ်အောင် လုပ်လိုက်တာလေ မဟုတ်ဘူးလား ညီအစ်ကိုတွေနဲ့လည်းတွေ့ မင်္ဂလာပွဲလည်းလာ အဟမ်း... တစ်စုံတစ်ယောက်နဲ့လည်း တွေ့လို့ရတယ်လေ "

ချောင်းတစ်ချက်ဟန့်ရင်း
'တစ်စုံတစ်ယောက်နဲ့လည်း တွေ့လို့ရတယ်လေ' ဆိုပြီး
ရီရှင်း နားရှိရာကပ်ပြောလာတဲ့
ဆယ်ဟွန်းကို မနိုင်ဘူးဆိုသည့်အကြည့်သာ ရီရှင်း ပေးလိုက်တော့သည်

"မင်္ဂလာပါ ပထမဆုံးတွေ့ဆုံခြင်းပါ "

ဘတ်ခ်ဟျွန်းနှုတ်ဆက်သံအဆုံး ချန်းယောလ်တို့အကြည့်တွေက ဘတ်ခ်ဟျွန်းဆီရောက်လာကြသည် ချန်းယောလ် ဘတ်ခ်ဟျွန်းကိုတစ်ချက်ပြုံးပြပြီး ရီရှင်းနဲ့မိတ်ဆက်ပေးသည်

"ဒါက ကိုယ့်အစ်ကိုလိုမျိုးပဲ ကျန်းရီရှင်း LayZhang တဲ့ သိတယ်မလား ဘတ်ခ်ဟျွန်းနီ...
အခုကစပြီးဘတ်ခ်ဟျွန်းနီရဲ့ ယောက်ဖလို့ပြောရမလား "

"မင်္ဂလာပါ အစ်ကိုလို့ပဲ ခေါ်လို့ရတယ်မလား ကျွန်တော်ကအစ်ကိုရဲ့Fanပါ "

မျက်ဝန်းပေါက်ကျဥ်းကျဥ်းလေးတွေ မှိတ်သွားသည်အထိရယ်ပြလာသည့် ဘတ်ခ်ဟျွန်းကြောင့် ခေါင်းငြိမ့်ရင်း
ရီရှင်းသဘောတကျ ပြုံးမိသည်

"အစ်ကို ဒါက ကျွန်တော့်အမျိုးသားလေး ဗြောင်ဘတ်ခ်ဟျွန်း ဘတ်ခ်ဟျွန်းနီက ချစ်စရာကောင်းတယ်မလား အစ်ကို... "

Simple MarriageWhere stories live. Discover now