Unicode
ယောက္ခမအိမ်သို့ သွားရောက်နေထိုင်သည့်အပိုင်းကို တစ်လခန့်အကြာမှာ ထုတ်လွှင့်ခဲ့သည် သေချာပေါက် နဂိုကအတိုင်းပင် shipper တစ်ချို့နဲ့အတူ Fandom တွေဘက်မှလည်း သဘောကျပေးသလို anti တစ်ချို့နဲ့ မှားယွင်းနေတဲ့ဖြစ်တည်မှုတွေလို့ ခံယူထားတဲ့လူတစ်ချို့ကလည်း သဘောမကျပဲရှိနေကြသည် rating ပိုင်းကတော့ မြင့်သည်ပြောရမည်ဖြစ်သည် m×m couple မို့ တစ်ချို့ Fan မဟုတ်သူတွေကလည်း စူးစမ်းမိပြီး သိချင်လာတာကြောင့် ကြည့်ရှူနှုန်းက တစ်ဆတစ်ဆနဲ့ မြင့်တက်လာခဲ့သည်
#ChanbaekIsReal ဆိုတဲ့ Hashtage နဲ့ Twitter မှာပင် Worldwide Trending #3 ဝင်သည်အထိပင်ဖြစ်သည် ထိုသို့ဖြင့်
Fandom တွေကြားမှာမှ Couple Fan တွေကတော့ နှစ်ယောက်သားရဲ့ ချစ်စရာကောင်းပုံတွေအပြင် ယောက္ခမနဲ့သမက်ကြားက နွေးထွေးမှုတွေကိုလည်း ပြောမဆုံးနိုင်ဖြစ်နေသည်ချန်းယောလ် ဒီနေ့တော့ Studio မှာ တစ်စုံတစ်ယောက်နဲ့တွေ့မည်ဖြစ်သည် တွေ့ရမည့်သူကလည်း ချန်းယောလ်နဲ့သိပြီး စစ်မှုထမ်းတရားဝင်ပြန်လာမည့်သူဖြစ်သည်
ထို့ကြောင့် ထိုလူက သူ့ကိုစောင့်နေသည့်
Fan တွေကို လက်ဆောင်ပေးချင်တာမို့ အသံသွင်းဖို့ပြင်ဆင်ထားရန် သူ့ဆီဖုန်းဆက်ထားသူကို လာရောက်စောင့်နေခြင်းဖြစ်သည် သေချာတာကတော့ Fan တွေ သဘောကျမည်မှာအဟုတ်ပင်ဖြစ်သည် သိပ်မကြာခင်မှာပဲ ရိုက်ကူးရေးအဖွဲ့သားတွေ Studio သို့ရောက်လာပြီး ရိုက်ကူးရန်ပြင်ဆင်နေကြသည်"ဟေး...မတွေ့ကြာပြီနော် "
Studio ထဲသို့ဝင်လာရင်း Beanie အနက်လေးနဲ့ ကြံရည်ရောင်စပို့ရှပ်လက်ရှည်လေး ဝတ်ထားတဲ့ ဂယောင်ဆူးက ချန်းယောလ်ကိုနှုတ်ဆက်လာသည်
"မတွေ့တာကြာပြီ ဒီနေ့တစ်ခါတည်း ရိုက်ကူးမှာလား "
"အင်း လက်ဆောင်လေ"
ချန်းယောလ် ဂယောင်ဆူးနဲ့ လက်ချင်းရိုက်လိုက်လိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည် သူတို့မတွေ့တာ နှစ်လလောက်ရှိပြီပင် ဒီနေ့တော့ အသံသွင်းပြီး စကားစမြည်ပြောဖို့ အကောင်းဆုံးပင်ဖြစ်သည် ချန်းယောလ် ဂယောင်ဆူးကို အသံသွင်းရန် အချက်ပြလိုက်ပြီးနောက် စတင်အသံသွင်းခဲ့သည် စစ်မှုထမ်းဆောင်တော့ Fan တွေကို လက်ဆောင်ပေးခဲ့တဲ့သီချင်းလေးက ဘာရိုက်ကူးရေးမှမလုပ်ခဲ့တာမို့ အခုတိုက်ရိုက်သီဆိုနေတာကို ထုတ်ပေးမှာဖြစ်သည်
![](https://img.wattpad.com/cover/251841469-288-k670623.jpg)
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...