(31)

347 39 5
                                    

Unicode

ညအိပ်ချိန်ရောက်တော့
ဘတ်ခ်ဟျွန်းက အိပ်ယာထက်မှာ ချန်းယောလ်ကိုစောင့်နေသည် တံခါးဖွင့်လိုက်ရင် ဘတ်ခ်ဟျွန်း သူ့အိမ်ရောက်ပြီဆိုသော်လည်း ချန်းယောလ်ကမပြန်ခိုင်းပေ  အိပ်ယာထက်ငုတ်တုပ်ထိုင်ပြီး တစ်ခုခုကိုလည်း ဘတ်ခ်ဟျွန်း  အပြင်းအထန်စဥ်းစားနေသည် ထိုအချိန်မှာပင် ချန်းယောလ် အိပ်ခန်းအတွင်းသို့ဝင်လာသည်

"ချန်းယောလ်လီ ဒီကိုလာ..."

ဘတ်ခ်ဟျွန်း အိပ်ယာထဲကနေ သူ့ညာဘက်နေရာကို ပုတ်ပြကာ ချန်းယောလ်ကို လာထိုင်ခိုင်းလိုက်သည် ချန်းယောလ်ထိုင်ပြီး ဘတ်ခ်ဟျွန်းကိုကြည့်တော့ တစ်ခုခုပြောစရာရှိနေဟန် ပေါ်နေသည်

"ဘတ်ခ်ဟျွန်းနီ...ကိုယ့်ကို တစ်ခုခုပြောစရာရှိလို့လား "

"ဟို...ဟို ဘယ်လိုပြောရမလဲ "

ဘတ်ခ်ဟျွန်းမပြောတတ်ဖြစ်ကာ အပြစ်မရှိတဲ့ခေါင်းကိုသာ ကုတ်နေမိသည်

"ဘတ်ခ်ဟျွန်းနီ... ကိုယ့်ကိုပြောစရာရှိတာ အားမနာပဲပြောလို့ရတယ် "

"ဟိုလေ...အဲ့တာက ချန်းယောလ်လီ..."

"အင်း ကိုယ်နားထောင်ပေးနေတယ် "

ပြောရခက်နေဟန်ရှိတဲ့ ဘတ်ခ်ဟျွန်းကြောင့် ချန်းယောလ် လမ်း​ကြောင်းပေးမိသည် သူ့ကိုစကားစမယ့်ကောင်လေးက တစ်ချက်တစ်ချက် ဖောင်းအိအိပါးထက်မှာ အနီလိုင်းခပ်ရဲရဲလေး ပြေးနေတတ်သည်

"ညနေက...ငါ့ကို...ဘာလို့မယူခဲ့တာလဲ "

ပြောပြီးမှပင် မျက်နှာတစ်ခုလုံးက အပူငွေ့တွေထွက်နေသလို ဘတ်ခ်ဟျွန်းခံစားလိုက်ရသည် ချန်းယောလ်ကတော့ ရှက်နေတဲ့ကောင်လေးကို ကြည့်ကာ ပြုံးမိသွားရသည် တကယ်ကို သူ့ကောင်လေးက ချစ်ဖို့ကောင်းလွန်းနေတယ်
"မပြောပြဘူးလား..."

သူမပြောတော့ စိတ်မရှည်တော့ဘူးထင်ပါရဲ့ ခပ်ဆတ်ဆတ်ပြောလာပြီး နှုတ်ခမ်းတို့က စူလုံးနေကာ မျက်ခုံးတို့ကလည်း တွန့်ချိုးလာသည် ချန်းယောလ် အိပ်ယာထက်ဝင်လှဲလိုက်ရင်း ဘတ်ခ်ဟျွန်းကိုပါ သူ့လက်မောင်းအတွင်း နေရာယူစေသည် ထို့နောက် ဘတ်ခ်ဟျွန်းဆံပင်တို့ကို ချန်းယောလ် ပွတ်သပ်ပေးလိုက်သည်

Simple MarriageWhere stories live. Discover now