Unicode
ဘတ်ခ်ဟျွန်း ကားပေါ်ရောက်သည်နှင့် ကွဲလွဲစွာရှိနေတဲ့တစ်ယောက်ထိုင်ပေါ် နေရာယူလိုက်ရင်း ချန်းယောလ်ကို မက်ဆေ့ပို့လိုက်သည်
လူစုံနေပြီမို့ ကားစထွက်တော့
ဘတ်ခ်ဟျွန်း ကားအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည် သူကြည့်မိတော့ ကားတစ်စီးမှကိုထွက်မလာသေးပေ အရင်သွားနှင့်ပြီထင်ကာ
အနည်းငယ်တော့ စိတ်ဆိုးချင်သွားသည် မက်ဆေ့ကိုဖတ်ပဲဖတ်ပြီး ပြန်ပြီးတော့လည်းမပို့လာဘူးဘတ်ခ်ဟျွန်းတို့ ကားလမ်းမပေါ် ရောက်ချိန်အထိ ချန်းယောလ်ပါမလာပေ...ဘတ်ခ်ဟျွန်းမျက်လုံးတွေက ကားလမ်းမထက်ကကားတွေကို လိုက်လံကြည့်ရှူရင်း ကားထဲငြိမ်နေမိသည် ဘယ်လိုပဲပြောပြော Team work မလို့ ဘတ်ခ်ဟျွန်း စိတ်ဆိုးချင်နေတာကိုဖယ်ပြီး ကလေးတွေနဲ့ ပျော်စရာတွေလုပ်နေမိသည် လူးကပ်စ်က bracelet လေးတွေ ပေးလာတုန်းက ခါအီက သူ့ကိုစိတ်ပေါ့ပါးသွားအောင် ရယ်စရာတွေလုပ်ပေးရင်း လူးကပ်စ်ကိုစနေသည် တကယ်ကို သူ့ညီကသူ့စိတ်ကိုနားလည်နေတာ...
စိတ်မပျော်တာနဲ့ပဲ စုံစွမ်စိကစားတုန်းကလဲ ရေထဲ Diving လုပ်ရမယ့်သူအဖြစ်မိခဲ့ပြီး အခေါက်တိုင်းကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာ ပထမဆုံးအနေနဲ့ရှူံးခဲ့ရသည် အဲ့ဒီအချိန် ဘတ်ခ်ဟျွန်းစဥ်းစားမိတာက တစ်ခုတည်းပဲ အဲ့ဒါကတော့
'ဒါတွေအားလုံး ပတ်ချန်းယောလ် အပြစ်ပဲ'ဆိုးလ်ကနေ ဂယောင်းဂီဒို အနီးတစ်ဝိုက်ရှိ သတ်မှတ်နေရာအထိမရောက်ခင် အချိန်အနည်းငယ်မောင်းနှင်ခဲ့ပြီးနောက် နေ့လယ်စာစားဖို့ မေးခွန်းတွေဖြေတော့ ဘတ်ခ်ဟျွန်း ပထမဆုံးအဖြေမှန်သွားတယ် အဲ့ဒီအချိန်ကျမှ ဘတ်ခ်ဟျွန်း ကိုယ့်ကိုယ်ကို
ဂုဏ်ယူပြီး စိတ်ဖြေမိသည်'ဟမ့်...ဗြောင်ဘတ်ခ်ဟျွန်းက ဘယ်သူ့ကိုမှမလိုပါဘူးနော် '
ဘတ်ခ်ဟျွန်း ကားပေါ်ဆင်းလာပြီး ဆိုင်အတွင်းဝင်လိုက်သည် အေးချမ်းပြီး လွတ်လပ်တဲ့ခံစားချက်မျိုးရအောင် ရှေးရိုးဆန်ဆန်အပြင်အဆင်တစ်ချို့ကို ပြင်ထားသည် ဘတ်ခ်ဟျွန်း အခန်းတွင်းဝင်ရန်လုပ်တော့ လက်တစ်ဖက်ကအဆွဲခံရလိုက်သည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...