(55)

498 26 2
                                    

Unicode

ချန်းယောလ် ဘတ်ခ်ဟျွန်းလက်လေးပေါ် ထပ်မကိုင်ပဲ အရင်ဆုံး နုဒ် တွေကို ဘတ်ခ်ဟျွန်းသိအောင် နေရာချပြနေသည် ဘတ်ခ်ဟျွန်းလည်း ချန်းယောလ်ချပြတဲ့နေရာတွေကို မှတ်ပြီးတီးနေသော်လည်း သိပ်မကြာခင်မှာ လက်ထိပ်လေးတွေက နာလာသည် ဘတ်ခ်ဟျွန်း သည်းခံပြီးဆက်တီးနေသော်လည်း ချန်းယောလ်က မတီးတော့ရန် သူ့လက်ပေါ်ကိုထပ်ကိုင်ကာ ရပ်တန့်လိုက်သည် ဘတ်ခ်ဟျွန်း ချန်းယောလ်ကိုလှည့်ကြည့်လိုက်ပြီး
ဟီးခနဲရယ်ပြကာ မျက်နှာချိုသွေးမိသည် ဆက်မတီးနိုင်ရင်မတီးဖို့ ချန်းယောလ်က
သူ့ကိုအစတည်းကပြောထားသည်မလား

ချန်းယောလ် ဂီတာကိုဆွဲယူလိုက်ကာ ဘေးနားထောင်ထားလိုက်သည် ပြီးနောက် မျက်နှာချိုသွေးနေတဲ့ကောင်လေးကို သူ့ဘက်ပိုနီးအောင် ခါးမှဆွဲကပ်လိုက်ပြီး မျက်လုံးချင်းဆုံအောင် အရင်ကြည့်မိသည် ထိုအခါမှာတော့ ဘတ်ခ်ဟျွန်းက ချန်းယောလ်အကြည့်တွေကြောင့် မိန်းမောသွားရင်း စိုက်ကြည့်နေမိကာ တစ်ဖန်အရှက်သည်းရပြန်သည် ချန်းယောလ်သည်လည်း အရှက်သည်းသွားသူလေးအား ခပ်တင်းတင်းပိုဖက်ထားပြီး နှုတ်ခမ်းပါးလေးထက် အနမ်းဖွဖွတစ်ချက် အရင်ပေးမိသည်

ဘတ်ခ်ဟျွန်း ချန်းယောလ်ရဲ့အထိအတွေ့ကိုရသည်နှင့် မျက်ဝန်းတို့ကိုမှိတ်ချမိကာ ခပ်ထူထူနှုတ်ခမ်းတစ်စုံရဲ့ လှုပ်ရှားမှုမရှိတဲ့ အထိအတွေ့ကိုသာ ခံစားမိလိုက်သည် ထိတွေ့မှုက တစ်ချက်နဲ့ရပ်တန့်နေပြီး အနည်းငယ်အကြာမှ စတင်လှုပ်ရှားလာသည် ခပ်ဟဟဖွင့်ဟလာတဲ့နှုတ်ခမ်းတွေက အပေါ်အောက်တစ်လှည့်စီ စုပ်ယူနေပြီး အနမ်းတွေက အရှိန်ရလာသည်နှင့် အနည်းငယ်မြန်ဆန်လာသည် လျှာဖျားအချင်းချင်း ရစ်ပတ်ထွေးငင်နေပြီး စုပ်ယူနမ်းရှိုက်မှုတွေက နှစ်ယောက်လုံးကို အသက်ရှုမဝဖြစ်လာစေသည်
ထိုအခါမှ နမ်းနေခြင်းကို ရပ်တန့်မိကြသည်
တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေမိရင်း ရယ်မိကြသည် 

'တင်းတောင် တင်းတောင် '

ဘတ်ခ်ဟျွန်းနဲ့ချန်းယောလ် ဘဲလ်တီးသံကြောင့် ခဏတောင့်သွားပြီး အကြည့်ချင်း ပြန်ဖလှယ်မိသည် ဒါဟာ အခြေအနေတွေကတစ်အားကြီးမငြိမ်သက်သေးတာအပြင် သတင်းထောက်တွေနဲ့ အခြားဇွတ်တရွတ်ဆန်တဲ့Fanအချို့ သူတို့အိမ်လိပ်စာကို သိသွားမှာကို စိုးရိမ်နေခြင်းဖြစ်သည် ဘယ်လိုပဲဖြစ်ဖြစ် အပြင်ကဘယ်သူလဲသိချင်တာမို့ နှစ်ယောက်လုံး အခန်းထဲမှထွက်လာကာ အခန်းပြင်သို့ screen မှတစ်ဆင့်ကြည့်လိုက်သည် ရှိနေတဲ့သူက ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသည့်အပြင် ခေါင်းငုံ့ထားသည်မို့ ဘယ်သူမှန်းမသိရပေ သို့ပေမယ့် ရင်းနှီးနေသည့် ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်းက ဘယ်သူမှန်းသိသည် ထိုသူကတော့ နှစ်ယောက်မရှိတဲ့ အိုဆယ်ဟွန်းဖြစ်သည် ဘတ်ခ်ဟျွန်း တံခါးဖွင့်ပေးလိုက်ပြီး ဆယ်ဟွန်းဝင်ဝင်ခြင်းမှာပင် ချန်းယောလ်က ပြောလာသည်

Simple MarriageWhere stories live. Discover now